22-12-2013
ဗြိတိန်မှ ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဆက်လက်ကူညီမည်ဟု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၁၉ ရက်၊ ၂၀ ရက်တွင်
လာရောက်လေ့လာသော ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် ဗြိတိန်နိုင်ငံ
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအကြီးအကဲ ဂါဗင်မက်ဂလေဗာရီတို့က
ပြောကြားသည်။
သံအမတ်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်ရှိ
ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊
အစိုးရအဖွဲ့ဝင်များ၊မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သံအမတ်ကြီးက "ကချင်ပြည်နယ်မှာတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့်
ဗြိတိန်အစိုးရက ကူညီနေပါတယ်။ ပြည်နယ်အစိုးရကို နေရာတိုင်း
အကူအညီပေးနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်နှစ်ခွဲအတွင်း ဒေါ်လာသန်း
၂၀ ကူညီဖို့ရှိနေပြီး ကျန်တဲ့ ၁၀ သန်းလောက်ကတော့ လာမယ့်နှစ်အတွင်း
ကူညီသွားမှာပါ"ဟု ပြောကြားသည်။
သံအမတ်ကြီးက "ဒုက္ခသည်စခန်းတွေမှာ
ပညာရေးအထောက်အပံ့နဲ့ ဆေးဝါး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတယ်"ဟုလည်း
ဆက်လက်ပြောကြားသည်။ သံအမတ်အဖွဲ့သည် မြောက်ပိုင်းတိုင်းမှူးနှင့်
ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး
ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
"လက်ရှိတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက ပြည်သူလူထုကို
ဗြိတိန်အစိုးရက စိုးရိမ်နေပါတယ်။ မြောက်ပိုင်းတိုင်းမှူးကတော့ အရပ်သားတွေ
ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ လူ့အခွင့်ရေးနှင့်
ကလေးစစ်သားကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဟာ လူထု၊
ဝန်ကြီးဦးအောင်မင်း၊ ဗိုလ်ချုပ်ဂွမ်မော် စသည့်ပုဂ္ဂိုလ်များနှင့်
လူမှု့အဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်တော့
လိုပါဦးမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်
ဗြိတိန်အစိုးရကနှစ်ဖက်စလုံးကို တတ်နိုင်သမျှကူညီသွားမှာပါ"ဟု သံအမတ်ကြီးက
ပြောကြားသည်။
(ဗြိတိသျှသံအမတ်ကြီးနှင့်အဖွဲ့ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေရသော ဒေသခံများနှင့် တွေ့ဆုံစဉ်)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment