23-12-2013
ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော်
ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်း မလာကြဖို့
ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ...
အခုချိန်က စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာ စပါးရှာစားရင်း
ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက်
ဖြစ်ပါတယ်။
“ဒီကာလမှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။
ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့
ဒီလိုပဲ သွားလာနေတာ။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ
စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအရာရှိက ဧရာဝတီကို ပြောပါတယ်။
တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ
လူတွေစိုက်ထားတဲ့စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက်
တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့ဒေသတွေကတော့ ငပုတော၊
ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။
ဒီလ ၁၂ ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြတယ်လို့
ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။
“ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၎
နာရီလောက်ပဲ ရှိသေးတယ်။ ရေသိုးရွာနားမှာ
လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။
ငှက်ပျောပင်တွေ ၀င်စားနေတာ အကောင် ၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။
ပုသိမ်ကနေ ချောင်းသာကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်ထားရတာပါ။
အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ညပိုင်းမှာမသွားသင့်ပါဘူး တဲ့။
“ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။
ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့
မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။
သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။
ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင် အဲဒီမီးတွေနောက်ကို ဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
အဲတော့ မကြာခင်မှာ ခရစ္စမတ်အားလပ်ရပ်၊ ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊
ချောင်းသာကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ
ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။
ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။
ပုသိမ်ရောက်ပြီး ငွေဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင်
တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာရီခွဲနီးပါးလောက် မောင်းရပါတယ်။
အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါလိမ့်မယ်။
ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့် ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။
ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ..
ဆလိုင်းသန့်စင်
ဧရာဝတီblog
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment