22-12-2013
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက မနေ့က
ရန်ကုန်တက္ကသိုလ်မှာ ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့
တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ဆရာမများအသင်းတွေနဲ့
ကျောင်းသားသမဂ္ဂအဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ မနေ့က ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်တက္ကသိုလ်မူဝါဒ
မူကြမ်းဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည်အသက်သွင်းတာဖြစ်ပြီး
တက္ကသိုလ်တွေကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ပေးထားတာမတွေ့ရတာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကိုပြောပါတယ်။
“ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆိုပြီးတော့
အစိုးရဘက်ကနေ ပြန်ဖွဲ့ထားတဲ့ကော်မတီက တင်သွင်းတဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ
ရည်မှန်းချက်မူဝါဒ လုပ်ငန်းစဉ်တွေဟာ တက္ကသိုလ်များကို လွတ်လပ်စွာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ ပုံစံမျိုးကိုမတွေ့ရဘူး၊ သူတို့ထုတ်ပြန်တဲ့
ဥပဒေမူကြမ်းကြီးတစ်ခုလုံးကို ကျနော်တို့ လုံးဝကန့်ကွက်တယ်၊
အဲဒီကန့်ကွက်တဲ့ဟာကို ကျနော်တို့ အဖွဲ့စည်းလိုက်အနေနဲ့ ထုတ်ဖို့ရှိတယ်၊
ကျနော်တို့ စုပေါင်းကြေညာချက် ထုတ်ပြီးတဲ့အခါကျရင် ဒီကိစ္စအပေါ်မှာ
သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မယ်၊ ကျနော်တို့ ဒီကိစ္စအပေါ်မှာလည်း ကျနော်တို့
campaign တွေလုပ်မယ်၊ ဆရာ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေဟာ
ကန့်ကွက်မှုအပေါ်မှာ အားကောင်းကောင်းနဲ့ ပါနိုင်အောင်လို့လည်း ကြိုးစားပါ”
ဒီနေ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဆွေးနွေးပြီး ကန့်ကွက်လိုက်ကြတာပါ။
ဆရာ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေ ပူးတွဲပြီး
ပညာရေးမူကြမ်းတစ်ခုကိုလည်း ရေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့လည်း
ကိုစည်သူမောင်က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို
ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေ၊
တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂအဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment