23-12-2013
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ်
ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ
ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊
ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့
ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့
ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့
ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ်
ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ
ဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊
သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို
ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ
သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ
အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။
မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉
ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့
ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက
ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment