23-12-2013
မွန်ပြည်နယ်အခြေစိုက် တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့က
သံဖြူဇရပ်မြို့နယ် ပငကျေး ရွာရှိ ကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင်
သွားရောက် ပညာသင်ကြားရန်အတွက် ကျပ်သိန်း ၆၀၀ ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဟု
ဆုရွေးချယ်ရေးအဖွဲ့မှ တာဝန်ခံ ဦးခင်မောင်ဇင်က ဒီဇင်ဘာ ၂၁ က ရန်ကုန်မြို့၊
မြေနီကုန်းရှိ Crown Education တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြော သည်။
“လူငယ်တွေဟာ အင်္ဂလန်လိုနိုင်ငံမျိုးမှာ ပညာသင်ကြားရဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ”ဟု ဆိုသည်။
ယင်းသို့ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရခြင်းမှာ ကျေးလက်တောရွာများတွင်
ပညာရေးအခွင့်အ လမ်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ဖြစ်ပြီး
ထောက်ပံ့ရာတွင် အလှုရှင်တစ်ဦးတည်းက ထောက်ပံ့ ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပညာသင်ဆုပေးခြင်းနှင့်ပတ်သက်ပြီး အလှူရှင်ကိုမင်းမြတ်သူက
“ကျေးလက်တောရွာကလူ ငယ်တွေ နိုင်ငံတကာအဆင့်မီ ပညာရေးကို
လေ့လာဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာပါ။
ပညာသင်ဆုရတဲ့သူတွေအနေနဲ့ ကျွန်တော်ဆုံးပါးသွားရင်တောင် ပညာဆက်သင်နိုင်အောင်
စီစဉ်ထား ပါတယ်”ဟု ဆိုသည်။
ထောက်ပံ့ကြေးပေးရာတွင် ဘွဲ့ရသည်အထိ
ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေးပေး ထားသူနှစ်ဦး ဘွဲ့ရမှ
ကျန်သူများကို ဆက်လက် ထောက်ပံ့ရန် စီစဉ်သွားမည်ဖြစ်သည်။ အဆိုပါကျောင်း
သူနှစ်ဦးမှာ လက်ရှိတွင် ပြည်တွင်း၌ တက္ကသိုလ်ပညာရေး
သင်ကြားနေသူများဖြစ်ပြီး အင်္ဂလန်တွင် မည် သည့်ကျောင်း၌
ပညာသင်ကြားရမည်ဆိုသည်ကို ရွေးချယ်ခြင်း မပြုလုပ်ရသေးပေ။
ပညာသင်ဆုရရှိခဲ့သူ မြို့ပြအင်ဂျင်နီယာကျောင်းသူ မလင်းရတနာလွင်က
“ကျောင်းပြီးသွားရင် ကိုယ့်ရပ် ရွာမှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာအောင်၊
ကိုယ့်ရပ်ရွာကလူတွေ ပညာရေးကိုလဲ စိတ်ပါဝင်စားလာအောင်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
အဆိုပါကျောင်းသူနှစ်ဦးကို
အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူရန်အတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ
အကြံဉဏ်များပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့်
တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာ အကြံဥာဏ်များ ပေးခြင်းကို Crown Education မှ
ပံ့ပိုးပေးလျက်ရှိပြီး အင်္ဂလန်နိုင်ငံတွင် သွားရောက် ပညာသင်ကြားရန်
ကြိုတင်ပြင်ဆင်မှုများကို ခြောက်လမှ ဆယ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဟု Crown
Education မှ ပညာရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်ဆန်းက ဆိုသည်။
တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂
ရက်တွင် ပညာသင်ဆု လျှောက်ထားနိုင်ရေးအတွက် စတင်ခေါ်ယူခဲ့ပြီး
လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ အသက်၂၂
နှစ်ထက်မကြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ဆေးစစ်ချက် အောင်မြင်သူ၊
မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပြီး ပငကျေးရွာတွင် တစ်ဆက်တည်း ၁၀
နှစ်နေထိုင်သူ၊ မွန်စာ မွန်စကား ကောင်းစွာတတ်ကျွမ်းသူ၊ ပေါင်းသင်းဆက်ဆံရေး
ကောင်းမွန်ပြီး လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသူ၊ ပညာဆုံးခန်းတိုင်ပါက
မိမိနိုင်ငံအကျိုး လူမျိုးအကျိုးကို ပြန်လည်သယ်ပိုးနိုင်သူ စသည့်
အချက်များဖြင့် ကိုက်ညီရမည်ဖြစ်သည်။
Mizzia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment