24-12-2013
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင် တက်ရောက်မည့်
ကျောင်းသား ကျောင်းသူများ အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား
ကျောင်းအပ်နှံရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက် သင်ကြားနေသည့်
ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက်
စာမေးပွဲ စစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် မတ် ၁၉ ရက်တွင် စတင်သွားမည်ဖြစ်ရာ
ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲ ဖြေဆိုခွင့်
ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
''ကျောင်းစဖွင့်တာက ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာ ၅ ရက်ပါ။ စာမေးပွဲ စစ်ဆေးမှာက ၂၀၁၄ ခုနှစ် မတ် ၁၉ ရက် ဆိုတော့
ဒီကာလအတွင်း ကျောင်းခေါ်ချိန်က ရာခိုင်နှုန်း ၁၀၀ ရှိပါတယ်။ ဒါကြောင့်
နောက်ဆုံးထား ကျောင်းအပ်နှံခွင့် ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀ ရက်
သတ်မှတ်ထားပါတယ်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မှသာ စာမေးပွဲ
ဖြေဆိုခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅
ရာခိုင်နှုန်းလျော့လို့ မဖြစ်ပါဘူး'' ဟု ရန်ကုန်တက္ကသိုလ်၊ သင်တန်းရေးရာ
ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ်တွင်
ယခုပညာသင်နှစ်အတွက် ကျောင်းလျှောက်ထားနိုင်မည့် ဒုတိယ အကြိမ်မြောက်
ကျောင်းဝင်ခွင့် ခေါ်ယူမှုအား အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊
ရုံးချုပ်၊ သထုံလမ်း၊ ကမာရွတ် တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့သို့ ၂၀၁၃
ခုနှစ် ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား လျှောက်ထားခွင့်ပြုခဲ့ပြီး
ကျောင်းဝင်ခွင့် ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ပညာရေး
ဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာခဲ့သည်။
ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ် ၃၉ ဦး၊ သင်္ချာ ၅၀
ဦး၊ ပထ၀ီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿ နိက ၄၉ ဦး၊စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁
ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုဿဗေဒ ၃၂ ဦး၊
ရှေးဟောင်း သုတေသန ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ ရူပဗေဒ
၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ ဘူမိ ဗေဒ ၄၈ ဦး၊ ကုန်ထုတ် ဓာတုဗေဒ
၃၈ ဦး၊ ကွန်ပျူတာသိပ္ပံ ၃၆ ဦး တို့အား ထပ်မံဝင်ခွင့် ပြုခဲ့သည်။
Eleven Media Groupမတင်မှီအရင်ဖျက်ပစ်ပါ
ပြန်ခေါက်ထားပေးပါ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment