Tuesday, July 16, 2013
ရှစ်လေးလုံး ငွေရတုအခမ်းအနား ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီမှ ကော်မတီဝင်
လေးဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒီမိုကရေစီ အင်အားစုများ
ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်နိုင်ရန် အတွက် ဖိတ်ကြားရန်
ထိုင်းနိုင်ငံသို့ ဇူလိုင် ၁၁ ရက်က ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။
ဇူလိုင် ၁၄ ရက်နေ့တွင်
၎င်းအဖွဲ့ဝင် ၄ ဦးနှင့်အတူ ABSDF မှ ဥက္ကဋ္ဌ ကိုသံခဲသည် ထိုင်းနိုင်ငံ
အခြေစိုက် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီမှ ဥက္ကဋ္ဌထံသို့
သွားရောက်ခဲ့ပြီး ယနေ့ဖြစ်ပေါ် နေသော မြန်မာနိုင်ငံ၏ အခြေအနေများနှင့် အတူ
ရှစ်လေးလုံး ငွေရတုပွဲသို့ တက်ရောက်ရန် ဆွေးနွေးခဲ့သည်။ ထို့အပြင်
ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င်
ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့ပေါင်း ၆၀ ကျော်အား တက်ရောက်ရန်
ဖိတ်ကြားခဲ့သည်ဟု သိရသည်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်သင်းသင်းအေးက “ကျွန်မတို့ ပြင်ပက
အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ငွေရတုပွဲကိုတက်ဖို့ သူတို့မှာ
ရှိနေတဲ့ အခက်အခဲတွေကို မေးပါတယ်။ ဗီဇာရဖို့ အခက်အခဲ ရှိရင်တော့
သူတို့ကလည်း တက်ချင်တယ်ဆိုရင် ကျွန်မတို့ဆီကို ဇူလိုင် ၂၅ ရက်
နောက်ဆုံးထားပြီး သူတို့ရဲ့ အချက်အလက်တွေကို ပေးပို့ဖို့ ပြောထားပါတယ်။
ဇူလိုင် ၂၅ ရက် ကျရင်တော့ ပေးပို့ထားတဲ့ လူတွေရဲ့ အချက်အလက်တွေကိုယူပြီး
အစိုးရနဲ့ ဆွေးနွေးဖို့ ကျွန်မတို့ ကမ်းလှမ်းထားတာ ရှိပါတယ်။” ဟု
ပြောကြားခဲ့သည်။
ရှစ်လေးလုံး ငွေရတု အခမ်းးအနားသို့
အပြည်ပြည်ဆိုင်ရာမှ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများ ပါဝင်နိုင်စေရန်
အတွက် စေ့စပ်ဆွေးနွေးပေးရန် ကြိုးပမ်းမည်ဟု ရှစ်လေးလုံး ငွေရတု
ဖြစ်မြောက်ရေး ကော်မတီက တာဝန်ယူကြောင်းကို ဇူလိုင် ၄ ရက်က M-3
စားသောက်ဆိုင်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရှစ်လေးလုံး ငွေရတု ဖြစ်မြောက်ရေး ကော်မတီဝင် လေးဦးသည် ထိုင်းနိုင်ငံမှ
ဇူလိုင် ၁၇ ရက်တွင် ပြန်လည်ရောက်ရှိ လာမည်ဟုလည်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment