Tuesday, July 16, 2013
မြန်မာနိုင်ငံမှာ ဒီနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမှာ
ဖြစ်ပြီး၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ နဲ့လဲ မကြာခင်မှာ အပြီးသတ်
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရရှိ
တော့မှာ ဖြစ်တဲ့အကြောင်း ဗြိတိန် နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိခဲ့တဲ့
သမ္မတကြီး ဦးသိန်းစိန်က ပြောတယ်လို့ သိရပါတယ်။
ရာစုနှစ် တဝက်
လောက်ကြာညောင်းခဲ့တဲ့ အာဏာရှင်စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ
အသွင်ကူးပြောင်းမှု လုံးလုံးလျားလျား ဖြစ်သွားဖို့
ကြိုးစားနေတာဖြစ်တယ်လို့လဲ ပြောပြပါတယ်။
မြန်မာနိုင်ငံတွင်း
လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုတွေနဲ့ နှစ်ပေါင်း ၆၀လောက် ဖြစ်နေတဲ့
ပြည်တွင်းစစ်မီး လဲငြိမ်းသွားဖို့ ရှိတယ်လို့ တထစ်ချယုံကြည်တယ်လို့လဲ
ပြောသွါးပါတယ်။ ခက်ခဲတဲ့ ဆွေးနွှေးမှု တွေ ချိုးခြံ ရမည့် သဘောတူညီမှု တွေ
ကျော်လွှားပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ
နိုင်ငံကို မကြာသေးခင်က အလည်အပတ်ရောက်ရှိခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ်
David Cameron က မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှု
ရှိလာအောင် အားပေး တဲ့ နိုင်ငံတကာရဲ့ အတွေးအမြင်နဲ့ မြန်မာ နိုင်ငံရဲ့
တိုးတက်ဖွံ့ဖြိုးမှု ကို အားပေးသွားတဲ့ လမ်းစဉ်ကို လိုက်သွားမှာ
ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ရဲ့
ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်က မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့
ပြောဆိုတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာတွေနဲ့အတူ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး
လေးစားလိုက်နာမှု တွေ ပိုမိုလုပ်ဆောင်ဖို့ မြင်လိုကြောင်း ဗြိတိန်နိုင်ငံ
ဝန်ကြီးချုပ်က ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံတွင်းက
ရိုဟင်ဂျာတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဗြိတိန်နိုင်ငံအနေနဲ့
စိုးရိမ်မကင်းဖြစ်မိတယ်လို့ ပြောသွားခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ တွေ့ဆုံ
ဆွေးနွေးမှုလုပ်နေတုန်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ နေအိမ်အပြင်ဖက်မှာ
ရိုဟင်ဂျာတွေကို ကာကွယ်မှုပေးဖို့ လူတစ်စု တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်က လူ့အခွင့်အရေးတိုးတက်မှုရှိအောင်
လုပ်ဆောင်ဖို့ ပြောဆိုလိုက်သလို ဗြိတိန်နဲ့ မြန်မာနှစ်နိုင်ငံအကြား
သံတမန်ဆက်ဆံရေး ပူးပေါင်းမြှင့်တင်တာတွေ၊ ကုန်သွယ်ရေးနဲ့
ရင်းနှီးမြုပ်နှံမှုအပြင် ကူညီထောက်ပံ့ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့
စစ်ရေးဆိုင်ရာတွေမှာလည်း ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့
မျော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လို စစ်ဖက်ဆိုင်ရာကဏ္ဍမှာ ပူးပေါင်းကြမလဲဆိုတာကိုတော့ မပြောပြခဲ့တဲ့အကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment