Tuesday, July 16, 2013
ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် ဒိုက်ဦး-စစ်တောင်း လမ်းဆုံရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်ပစ္စည်းကာကွယ်တားဆီး ထိန်းချုပ် ရေး အဖွဲ့ Mobile Team 2 မှ တာဝန် ရှိသူများသည်
ယမန်နေ့ နံနက် ၁ နာရီခန့်က ယာဉ်မောင်း မင်းမင်း မောင်းနှင်လာသော ၉ခ/....
ဘားအံ-ရန်ကုန် မှန်လုံယာဉ်အား စစ်ဆေးရန် တားဆီးရာ ရပ်တန့်ပေးခြင်း မရှိဘဲ
မောင်းပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာ ဝေါမြို့နယ် အဗျားကျေးရွာ အုပ်စု
ငှက်ချေးဝင်း ကျေးရွာအနီးတွင် ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ကားအား
စစ်ဆေးရာ ကားပေါ်နှင့် ကားဘေးရှိ ခရီးသည် အိတ်ဆောင်ထည့် သေတ္တာများ
အတွင်းမှ အကောက်ခွန်မဲ့ Beer Chang(550)ml ဖာ(၂၈ဝ) ခန့်မှန်း
တန်ဖိုးငွေကျပ် ၂ဝ၁၆ဝဝဝ ရှာဖွေ တွေ့ရှိခဲ့သဖြင့် အကောက်ခွန် ဥပဒေ အရ
အမှုဖွင့် ထားရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
37 minutes ago
No comments:
Post a Comment