Tuesday, July 16, 2013
လူမှုဖူလုံရေးကြေး ထည့်သွင်းထားသည့် အမျိုးသမီး အလုပ်သမားများ မီးဖွားလျှင်
အာမခံကြေးအဖြစ် နောက်ဆုံး ခြောက်လအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၅၀
ရာခိုင်နှုန်းဖြင့် သက်တမ်း
တစ်နှစ်
ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန လူမှုဖူလုံရေး ဆေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာလွင်လွင်ဦးလှိုင်က The Voice သို့ ပြောကြားသည်။
မီးဖွားခွင့် အာမခံစနစ်အရ အကျိုးခံစားခွင့် ရရှိလိုသော အလုပ်သမားများသည်
လူမှုဖူလုံရေးကြေးအဖြစ် တစ်လလျှင် နောက်ဆုံးခြောက်လအတွင်း ရရှိသော
ပျမ်းမျှလုပ်ခလစာ၏ ၁၂ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ကြောင်း၊ ကလေးတစ်ဦး
မွေးဖွားပါက လုပ်ခ၏ ၅၀ ရာခိုင်နှုန်း၊ နှစ်ဦး အမြွှာမွေးဖွားပါက ၇၅
ရာခိုင်နှုန်း၊ သုံးဦးအမြွှာမွေးဖွားပါက ၁၀၀ ရာခိုင်နှုန်းထားဖြင့်
သက်တမ်းတစ်နှစ် ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း၊ မွေးဖွားလာသော ကလေး၏
အထွေထွေရောဂါများကိုပါ အခမဲ့ဆေးကုသခွင့်ရရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါမီးဖွားစရိတ် အာမခံအပြင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု
အာမခံ၊ အလုပ်လုပ်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ အသက်ပြည့် အငြိမ်းစား
အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူပင်စင် အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့
အကျိုးခံစားခွင့်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်၊
အခြားလူမှုဖူလုံရေးစနစ် (အိမ်ရာစီမံကိန်းများ) အာမခံစနစ်များ ပါဝင်သည့် ၂၀၁၂
ခုနှစ် လူမှုဖူလုံရေး ဥပဒေကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်
ဆောင်ရွက်မည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရှိရသည်။
မီးဖွားခွင့် အကျိုးခံစားခွင့် ကောင်းမွန်သဖြင့် စိတ်ဝင်စားသော်လည်း
အာမခံကြေး ၁၂ ရာခိုင်နှုန်းမှာ များလွန်းကြောင်း လှိုင်သာယာမြို့နယ်ရှိ
ဖိနပ်စက်ရုံတစ်ရုံမှ အမျိုးသမီး အလုပ်သမားတစ်ဦးက ဆိုသည်။
လူမှုဖူလုံရေးကြေး ထည့်သွင်းထားသူများကို ကလေးမွေးဖွားစဉ် ခွင့်သုံးလ
သတ်မှတ်ပေးရန် ၊ ကလေးမွေးဖွားသည့် အမျိုးသမီး၏ ခင်ပွန်းက အာမခံကြေး
ထည့်ဝင်ထားသူဖြစ်လျှင် ထိုအမျိုးသားကိုခွင့်ရက် နှစ်ပတ်ရရှိရန်
အလုပ်ရှင်နှင့် ညှိနှိုင်းစီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသား၏
ခွင့်ရက် နှစ်ပတ်အတွက် လုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်
ရရှိမည်ဖြစ်ကြောင်း ဒေါက်တာလွင်လွင်ဦးလှိုင်က ဆိုသည်။
၁၉၅၄
လူမှုဖူလုံရေး ဥပဒေအရ အမျိုးသမီးလစာမှ လစဉ် ၄ ရာခိုင်နှုန်းကို
လူမှုဖူလုံရေးကြေးအဖြစ် ထည့်သွင်းရပြီး မီးဖွားစရိတ်အဖြစ် တစ်ရက်လုပ်ခ၏ ၇၀
ရာခိုင်နှုန်း ခံစားခွင့်နှင့် မွေးဖွားလာသည့် ကလေးကို ခြောက်လ
အခမဲ့ဆေးကုသခွင့် ပေးခဲ့သည်။
လူမှုဖူလုံရေး ဥပဒေသစ်ကို
ကျင့်သုံးရာတွင် လူမှုဖူလုံရေးကတ်များကို စက္ကူကတ်အစား Smart Card
အဖြစ်ပြောင်းကာ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ယင်းစနစ်ဖြင့် လုပ်ဆောင်ရန်
ကနဦးလုပ်ငန်းစဉ် ဖြစ်သည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် ထည့်သွင်းခြင်း
(Data Entry Project) နှင့် အလုပ်သမား လက်ဗွေနှိပ်ခြင်းများကို
စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ထည့်သွင်းသည့် အလုပ်သမား ၆၄၀,၀၀၀ ကျော်ရှိသည်။
ဟိန်းသွင်ထက်
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment