Tuesday, July 16, 2013
သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး
အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့်
ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ
ပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ် လာ
၄၄၂ ဒသမ ၁၂၄ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု
တန်ဖိုးမှာ ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေး စခန်းမှ အများဆုံး ကုန်သွယ်မှု
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေး
စခန်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်များအား
အများဆုံး တင်ပို့ပြီး မော်တော်ဆိုင်ကယ်၊ ယာဉ်နှင့် ယာဉ်ယန္တရားများကို
အများဆုံး ပြန်လည် တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလပိုင်း
အတွင်း၌ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်များကို
ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ဖွင့်လှစ်ရန်လည်း စီစဉ်လျက် ရှိနေပြီး တရားဝင်
ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
သိရသည်။
ယင်းအပြင် နယ်စပ်မှတစ်ဆင့် တရားမ၀င် ၀င်ရောက်လျက်ရှိသည့်
ကုန်စည်များကိုလည်း Mobile Team များဖွဲ့၍ ထိရောက်စွာ စစ်ဆေးလျက်
ရှိကြောင်း၊ Mobile Team ဖြင့် စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁
ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၇ ရက်အထိ ဖမ်းဆီးခဲ့သည့် အမှုတွဲပေါင်းမှာ ၁၆၅၈
ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄၉၀၀ ကျော်ဖိုးရှိသည့် ကုန်စည်များကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု
ပြုလုပ်ရာတွင် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုများအတွက် တစ်ဦးချင်း ကုန်သွယ်မှု
လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်ကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် တရားဝင်
ကုန်သွယ်မှုမှာလည်း များပြားလာကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment