Tuesday, July 16, 2013
မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား
၄၅၀၀ ကျော် သောင်တင်နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူး ဦးအောင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ အလုပ်ခေါ်စာ (Demand Letter) မရှိဘဲ အလုပ်သမား
စုဆောင်းခြင်း၊ (Demand Letter) တွင် ခွင့်ပြုထားသော အလုပ်သမား ဦးရေ
ပမာဏထက် ပိုမိုစုဆောင်းခြင်း၊ (Demand Letter) ရှိသော်လည်း
ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်ယူမှု နောက်ကျခြင်း၊ ပွဲစားများမှတစ်ဆင့်
လူစုဆောင်းခြင်း စသည့် အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ မြ၀တီတွင်
အလုပ်သမားများ သောင်တင်နေရခြင်း ဖြစ်ကြောင်း သိရသည်။ ''အလုပ်သမား
မပို့ရသေးတဲ့ စာရင်းက ကျွန်တော်တို့ဆီမှာ ၃၀၀၀ ကျော်လောက် ရှိတယ်။ ဒါပေမဲ့
တကယ်တမ်း ရပ်ကွက်တွေထဲကို လိုက်စစ်ကြည့်လိုက်တော့ သောင်တင်နေတဲ့ အလုပ်သမား
အရေအတွက်က ၁၀၀၀ ကျော်လောက် ထွက်လာတယ်။ အေဂျင်စီတွေက အလုပ်သမားတွေကို
မြ၀တီမှာ အခန်းတွေငှားပြီး ထားကြတယ်'' ဟု ၎င်းက ပြောသည်။
''ဒီက
အေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံက အလုပ်ရှင်တွေပေါင်းပြီး အလုပ်သမားတွေ
စုဆောင်းထားတာရှိတယ်။ အလုပ်သမား စေလွှတ်ခွင့် ပြုထားတဲ့ အေဂျင်စီ ၆၂ ခုကို
မှတ်တမ်းအရ စိစစ်တဲ့အခါမှာ တကယ် တရားဝင် စေလွှတ်နေတဲ့ အေဂျင်စီက ၂၄ ခုပဲ
ရှိတယ်'' ဟု ၎င်းက ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံသံရုံးမှ တစ်ဆင့် စိစစ်ကာ
လုပ်သားစုဆောင်းခွင့် ပြုထားသည့် လူဦးရေ နှစ်သောင်းကျော်ရှိပြီး အလုပ်သမား
၈၉၄၄ ဦးမှာ စေလွှတ်ပြီး ဖြစ်ကြောင်း၊ ၂၇၈၇ ဦးမှာ အလုပ်ရှင် အလုပ်သမား
သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကြောင်းနှင့် အလုပ်သမား ၄၀၀၀ ကျော်မှာ
စေလွှတ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
မြ၀တီမြို့တွင် အလုပ်သမား
၄၅၀၀ ကျော် သောင်တင်နေမှုအပေါ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး
ဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်တို့မှ သွားရောက်
ဖြေရှင်းသွားမည် ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment