Tuesday, July 16, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု
လျင်မြန် ချောမွေ့စေရေးအတွက် လိုင်စင် လျှောက်ထားစရာ မလိုသော
ပို့ကုန်သွင်းကုန်များ ဆက်လက်တိုးချဲ့ ပေးသွားမည် ဖြစ်ကြောင်း
ဝန်ကြီးဦးဝင်းမြင့်က ပြောကြားသည်။
''စီးပွားကူးသန်း အနေနဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့
စေရေးအတွက် Automatic licensing နှင့် Non-license requirement တို့ကို
စတင်ဆောင်ရွက် ပေးနေပြီ ဖြစ်ပါတယ်။ ပြီးတော့ လိုင်စင်လျှောက်ထား စရာမလိုတဲ့
ပို့ကုန်သွင်းကုန် တွေကိုလည်း တိုးချဲ့ ခွင့်ပြုသွားမှာပါ။ အခုနောက်ပိုင်း
အစိုးရသစ်တက်ပြီး ပို့ကုန်တွေနဲ့ ပတ်သက်ပြီး လွယ်လင့်တကူ
ခွင့်ပြုပေးခဲ့ပါတယ်'' ဟု ဦးဝင်မြင့်က ပြောကြားသည်။ အစိုးရသစ်
လက်ထက်မှာ ဖြေလျော့တာတွေ တော်တော်များပါတယ်။ ဖြေလျော့မှုနဲ့အတူ
စိတ်မကောင်းစရာ ကောင်းတာက မှောင်ခိုတွေလည်း တော်တော်များလာပါတယ်။ ဒါကြောင့်
၂၀၁၂ ဇွန်လတုန်းကဆိုရင် ကုန်သွယ်မှုတွေ အများကြီး ကျသွားပါတယ်။ ဒါကြောင့်
Mobile team တွေ လုပ်ခဲ့ရတာပါ။ ခေတ်နောက် ပြန်ဆွဲတာ မဟုတ်ပါဘူး...
အလားတူ ကုန်သွယ် လုပ်ငန်းများတွင် အကျိုးကျေးဇူး ခံစားနိုင်ရေး အတွက်
အမေရိကန် ပြည်ထောင်စုမှပေးသော GSP အခွင့်အလမ်းများ ရအောင်လည်း
ကြိုးပမ်းနေကြောင်း၊ မကြာခင် ပြန်လည် ရရှိတော့မည် ဖြစ်ကြောင်း၊
စီးပွားကူးသန်း အနေဖြင့် ကုန်သွယ်မှု တိုးမြင့်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ
တိုးမြင့်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်သော
ပို့ကုန်သွင်းကုန် ပေါ်လစီများလည်း ချမှတ်နေပြီ ဖြစ်ကြောင်း၊မကြာမီ
ကာလတွင်ပင် ကုန်သည်များ အတွက် လိုအပ်သော Information များပေးနိုင်ရန်
Business Development services ကို ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ အလားတူ
အခြားတစ်ဖက်တွင်လည်း တရားမ၀င် ကုန်သွယ်မှုများ ပပျောက်ရေး လုပ်ငန်းများ
လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ''အစိုးရသစ် လက်ထက်မှာ ဖြေလျော့တာတွေ
တော်တော်များပါတယ်။ ဖြေလျော့မှုနဲ့အတူ စိတ်မကောင်းစရာ ကောင်းတာက
မှောင်ခိုတွေလည်း တော်တော်များလာပါတယ်။ ဒါကြောင့် ၂၀၁၂ ဇွန်လတုန်းကဆိုရင်
ကုန်သွယ်မှုတွေ အများကြီး ကျသွားပါတယ်။ ဒါကြောင့် Mobile team တွေ
လုပ်ခဲ့ရတာပါ။ ခေတ်နောက် ပြန်ဆွဲတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့
မမှန်ကန်တဲ့ စားသောက်ကုန်တွေ ၀င်လာရင် စားသုံးသူကို ထိခိုက်ပါတယ်။
ပြည်တွင်းက SMEs တွေလည်း တော်တော် ဒုက္ခရောက် ကြပါတယ်။ အခုတော့
အထိုက်အလျောက် ကုန်သွယ်မှုတွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတာပါ'' ဟု
ဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကုန်သွယ်မှု ကဏ္ဍကို
ကြည့်ပါက ၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိပြီး
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၁၀ ဘီလျံကျော် ရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၂- ၂၀၁၃
ဘဏ္ဍာနှစ်တွင်မူ ၁၂ ဘီလျံနီးပါး အထိ ရှိလာခဲ့သည့် အတွက် နှစ်စဉ်တိုးတက်
လာကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment