Tuesday, July 16, 2013
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ မြွေကိုက်ခံရသည့် လူနာများအတွက်
ပရဟိတ မြွေဆိပ်ဖြေဆေး အကျိုးဆောင်ကော်မတီက လှူဒါန်းထားသော
မြွေဆိပ်ဖြေဆေးများဖြင့် ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ဆေးရုံတွင် အထူးကြပ်မတ်
ကုသပေးလျက် ရှိကြောင်း ယင်းဆေးရုံ အုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက
ပြောကြားသည်။
“အချိန်မီရောက်လာတဲ့ မြွေကိုက်ခံတဲ့ လူနာတွေကို ဆေးရုံအုပ်ကြီး ကြီးကြပ်မှုနဲ့ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေက ၂၄ နာရီ အချိန်ပြည့် စောင့်ရှောက်ပေးတယ်” ဟု ၎င်းကဆိုသည်။
ဆေးရုံသို့ရောက်ရှိလာသော မြွေကိုက်ခံ လူနာများတွင် တောင်သူလယ်သမား တို့သာ
ပိုများကြောင်း၊ ကန့်ဘလူ မြို့နယ်အတွင်းမှ လူနာများသာမက နီးစပ်ရာ
မြို့နယ်များမှလည်း လာရောက်ကုသမှု များရှိကြောင်း
ဒေသခံတောင်သူလယ်သမားများထံမှ သိရသည်။ မိုးဦးကျကာလ
သီးနှံစိုက်ပျိုးချိန်နှင့် လယ်ယာစိုက်ပျိုးချိန်တို့ အပြင် ပြောင်း၊
မြေပဲ၊ ပဲစင်းငုံ ရိတ်သိမ်းချိန်၊ စပါးရိတ်သိမ်းချိန်တွင် မြွေကိုက် ခံရမှု
အများဆုံးဖြစ်ပြီး မြွေအမျိုးအစားမှာလည်း မြွေပွေးသာ များပြားကြောင်း
၎င်းတို့က ဖြည့်စွက်ပြောဆိုသည်။
ကန့်ဘလူမြို့
ရွှေသိမ်တော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမာဃိန္ဒက ဦးစီးကာ ပရဟိတ
မြွေဆိပ်ဖြေဆေး အကျိုးဆောင် ကော်မတီကို ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့က
စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနှစ် အတွင်း၌ပင် မြွေပွေးကိုက်ခံရသော လူနာ ၅၁
ဦးကို အဆိပ်ဖြေဆေး အခမဲ့လှူဒါန်း ပေးခဲ့ကြောင်း၊ နယ်မြေဒေသအစုံမှ
မြွေဆိပ်ဖြေဆေး လှူဒါန်းလိုသူများကိုလည်း ဖိတ်ခေါ်ကြောင်း အဆိုပါအသင်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည်
ဒေသတွင်းနိုင်ငံများအကြား မြွေကိုက်ခံရ မှုနှုန်း မြင့်မားသောနိုင်ငံအဖြစ်
သတ်မှတ်ခံထားရပြီး မြွေကိုက်ခံရသူ အများစုသည် နောက်ဆက်တွဲ ကျန်းမာရေးရလဒ်
များဖြစ်သော ကျောက်ကပ်ပျက်စီးမှု ဝေဒနာကို ခံစားနေရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment