Tuesday, July 16, 2013
ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နှင့် မြို့ တော်တော်များ
အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္တာကိုအပေါ်ပိုင်းတွင် ရင်သား
ဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်း
ဘီတို သို့ မဟုတ်စကတ်များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။
လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာလုပ်ငန်းမှ
တူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာဝတ်ခွင့် ရသည့်
ကုမ္ပဏီများတွင် မူ အမျိုးသမီးငယ်များကထိုသို့ သောဝတ်စာဆင်
ယာဉ်မှုများကို နေ့ တဓူဝ ၀တ်ဆင်မှုများရှိလာသည်ဟုသိရသည်။
၂၀၀၈ ခုနှစ် ဆန်းပိုင်းမှစ၍မြန်မာအမျိုးသမီး ငယ်များ၏ ဖက်ရှင်မှာ၎င်းတို့အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္တာကိုအပေါ်ပိုင်းတွင် ရင်သား
ဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်း
ဘီတို သို့ မဟုတ်စကတ်များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။
လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာလုပ်ငန်းမှ
တူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာဝတ်ခွင့် ရသည့်
ကုမ္ပဏီများတွင် မူ အမျိုးသမီးငယ်များကထိုသို့ သောဝတ်စာဆင်
ယာဉ်မှုများကို နေ့ တဓူဝ ၀တ်ဆင်မှုများရှိလာသည်ဟုသိရသည်။
ကြားတွင် ရေပန်းစားနေသော ဆက်စီ (Sexy) ခေါ် စွဲမက်ဖွယ်ရာခန္တာ ကိုယ်
အလှကိုဖေါ်၍၀တ်စားဆင်ယာဉ်မှုများရှိလာခဲ့သည်။
တက်တူး ဆေးမင်ကြောင် ပုံများကို မြန်မာမိန်းကလေးများလည်း ခန္ဓာကိုယ်တွင် ထိုးလာကြပါသည် ။ ထိုးသူတို့ လည်း လူတိုင်းမြင်စေချင် ကြည့်စေချင်လို့  ဖော်ဆောင်ပြထားသကဲ့သို့  ပြုလုပ်လာကြပါတယ် ။
လွန်ခဲ့ သည့်နှစ်နှစ်က ရန်ကုန်မြို့ လမ်းမများပေါ်တွင် အလွန်းဆုံးဒူးလောက်ရှိသည့် စကတ်များကိုသာဝတ်စာဆင်ယဉ်သည့် အမျိုးသမီးငယ်များကို တွေ့ ရသော်လည်း ၂၀၀၈ခုနှစ်မှစ၍ ပေါင်လည်လောက်ရောက်သောဘောင်းဘီတို စကတ်တိုများဝတ်ဆင်ထားသောအမျိုး သမီးငယ်များကိုတွေ့ လာရသည်။
ထို သို့ မြင်သာသောဖက်ရှင်အပြောင်းအလဲ နှင့်ပတ်သက်၍ နာမည်ကျော်ဟာသစာရေးဆရာတစ်ဦးက “အရင်က ဒီလိုဖက်ရှင်တွေကို ညကလပ်တွေမှာပဲတွေ့ ရတာလေ အခုတော့ စမ်းချောင်း တို့ ကျောက်မြောင်းတို့ဘက်မှာမမြင်ချင်မှအဆုံးပဲ ”ဟု သူက ပြောသည်။
၂၀၀၆ ခုနှစ်လောက်က အမျိုးသမီးအ၀တ်အထည်များရောင်းချသောဖက်ရှင်ဆိုင်များတွင်
ဘောင်းဘီရှည် နှင့် ဒူးဖုံးစကတ်အများစုသာရောင်းချရသော်လည်း ၂၀၀၈ ခုနှစ်မှစ၍ မိန်းကလေးအများစုမှာ ရှစ်လက်မခန့် လောက်သာရှိသည့်ဘောင်းဘီတို များနှင့် ရင်သားပေါ်
ဖက်ရှင်အများစုကို ပိုမို ၀ယ်ယူလာခဲ့သည်ဟု ရန်ကုန်မြို့ ယောက်လမ်းတွင် ဖွင့်လှစ်ထားသည့်
အမျိုး သမီးဝတ်ဖက်ရှင်ဆိုင်တစ်ခုမှ ပြောသည်။
ထို သို့  အမျိုးသမီးငယ်များ၏၀တ်စားဆင်ယင်မှုပုံစံပြောင်းခြင်းသည် နိုင်ငံတကာဖက်ရှင်စတိုင်များကို လိုက်လံအတုယူခြင်းလည်းဖြစ်သလို နိင်ငံခြာတိုင်းပြည်များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောမိန်ကလေးများရန်ကုန်သို့ ပြန်အလာတွင် ၎င်းတို့ ဝတ်ဆင်သောဖက်ရှင်စတိုင်များကို လိုက်လံအတုခိုးရာမှ လည်းထိုသို့ 
ဖက်ရှင်ရေစီးကြောင်းကပြောင်းလဲသွားခြင်းဖြစ်သည်ဟုသုံးသပ်ကြသည်။
ခန္တာကိုယ်အလှကိုဖော်ကျူးသော ဖက်ရှင်စတိုင်များကိုဝတ်လာခြင်းကြောင့်အန္တရာယ်ကိုဖိတ်
ခေါ်နေသလိုဖြစ်မနေဘူးလားဟု ထိုဖက်ရှင်စတိုင်ကိုနှစ်ကြိုက်သောအမျိုးသမီးငယ်လေးတဦး
အားမေးကြည့်ရာ “မဖြစ်ပါဘူး။လုံလုံခြုံခြုံဝတ်လဲ တဏှာထတဲ့လူကထတာပါဘဲ။ကားပေါ်တွေ
မှာကြည့်ပါလား။မမြင်ရလေ သူတို့ကပိုကြည့်ချင်လေဘဲ။ခပ်ရိုင်းရိုင်းပြောရရင် ထမီကမှအလွယ်
တကူဆွဲချွတ်ရင်ကျွတ်သေးတယ်။ဘောင်းဘီတိုတွေကပေါင်လုံးကလွဲလို့ဘာမှပိုမမြင်ပါဘူး။အ
လွယ်တကူလဲချွတ်လို့မရဘူးလေ။အရှက်လုံရင်ပြီးတာဘဲ။တချို့မိန်းကလေးတွေကြုံဖူးတယ်။
ကားပေါ်အတက်မှာ ထမီစတက်နင်းမိလို့ ကွင်းလုံးကျွတ်ကျတာ၊အဲဒါကမှပိုဆိုးတယ်”ဟု သူမကပြောသည်။
နာမည်ကျော်လူငယ်စာရေးဆရာမတဦးကလည်း အမျိုးသမီးငယ်တို့၏ဖက်ရှင်ရေစီးကြောင်း
ပြောင်းလဲမှုနှင့်ပက်သက်၍သူ့အမြင်ကို“ကျမတို့ခောတ်တုန်းကလည်း ထမီအရှည်ခေတ်ကနေ
အတိုခေတ်၊ထမီခေတ်ကနေစကတ်ခေတ်၊စကတ်ကနေဘောင်းဘီခေတ်၊စကတ်ထမီ
ခေတ်အပြောင်းမှာလဲ ဒီလိုဘဲတချို့ကပြောကြတယ်။ရိုင်းတယ်ပေါ့အ၀တ်အစားဝတ်တာ၊မြှူ
ဆွယ်နေတာနဲ့တူတယ်။လျှပ်ပေါ်လော်လီတယ်လို့အစုံကိုပြောကြတာ။ဒါပေမယ့်နောက်ပိုင်း
ကျတော့ဒါတွေကလဲအခုဆိုသမိုင်းထဲမှာကျန်ခဲ့တာပဲ”ဟုပြောသည်။
ရန်ကုန်မြို့ရှိဒဂုန်စင်တာ၊ဘလေဇွန် စသည့် အမျိုးသမီးငယ်များလာရောက်ကြသောရှော့ပင်း
စင်တာများတွင်ရင်သားပေါ်နှင့်ပေါင်တိုဖက်ရှင်များကို မမြင်ချင်မှအဆုံးတွေ့ ရလေ့ရှိသည်။
မိန်းကလေးငယ်များ၏ထိုသို့ဝတ်စားဆင်ယင်မှုများမှာ ထိုင်းနိုင်ငံမှတင်သွင်းသောအမျိုးသမီး
အ၀တ်အစားများကိုလူကြိုက်များလာခြင်းကြောင့်လည်းဖြစ်သည်။မြို့နေလူတန်းစား
များမှာထိုသို့ဝတ်စားဆင်ယင်မှုကိုအထူးအဆန်းအနေဖြင့်မရှုမြင်ကြသော်လည်းနယ်မှရောက်
လာသူအချို့ကမူ အထူးအဆန်းသဖွယ်ဖြစ်နေကြသည်။
ယနေ့ဖက်ရှင်ရေစီးကြောင်းနှင့်ပက်သက်၍ရန်ကုန်အခြေစိုက်အလှအပရေးရာမဂ္ဂဇင်းတခုမှ
အမျိုးသမီးအယ်ဒီတာတဦးက“ နိုင်ငံရေးရေစီးကြောင်းသာမပြောင်းတာလေ။ဖက်ရှင်ရေစီး
ကြောင်းကတော့ပြောင်းသွားပြီ”ဟုသုံးသပ်ပြောဆိုခဲ့သည်။
Mg Mandalay
No comments:
Post a Comment