Tuesday, July 16, 2013
ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး လူဦးရေ သိသိသာသာ
တိုးတက်လာခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကောက်ယူထားသည့်
စာရင်းဇယား အချက်အလက်များအရ တိုးပွားနေသည့် အိမ်ထောင်စုများမှာ
အိမ်ရာဆောက်လုပ် ပေးနိုင်မှု၏ သုံးဆခွဲကျော်
ရှိနေသောကြောင့် အိမ်ရာမလောက်ငမှုများ အများဆုံး ကြုံတွေ့နေကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇူလိုင် ၁၅ ရက်က
ပြောကြားခဲ့သည်။
''၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မှာ လူဦးရေ
သိသိသာသာ တိုးလာတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြို့တော်စည်ပင်က
ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၀၄-၂၀၀၅ ကနေ ၂၀၀၈-၂၀၀၉ ခုနှစ်အထိ ငါးနှစ်တာ
ကာလအတွင်း အိမ်ခန်း ဆောက်လုပ်နိုင်မှုဟာ ၃၆၀၀၀ ပဲ ဆောက်လုပ် နိုင်ခဲ့ပါတယ်။
တစ်နှစ်ကို အိမ်ခန်း ၇၂၀၀ လောက်ရတဲ့ အနေအထားပါ။ သို့သော်လည်း တိုးပွားလာတဲ့
အိမ်ထောင်စုက တစ်နှစ် တစ်နှစ်ကို ၂၆၀၀၀ တိုးနေတာ စာရင်းဇယား
ကောက်ယူမှုတွေအရ တွေ့ရတယ်။ ဒါတွေကို အချိုးပြန်ကြည့်မယ် ဆိုရင်
တိုးပွားနေတဲ့ အိမ်ထောင်စုဟာ ဆောက်လုပ်နိုင်တဲ့ အိမ်ခန်းရဲ့ ၃ ဒသမ ၆ ဆ၊
သုံးဆခွဲ ကျော်ကျော် တိုးနေတာ တွေ့ရတယ်။ ဆိုလိုတာက ရန်ကုန်မှာ
အိမ်ရာမလောက်မငနဲ့ အများကြီး တွေ့ကြုံနေရပါတယ်။ ဒါ့အပြင် မြို့အင်္ဂါရပ်နဲ့
မညီဘဲ အဖီတွေ ထိုးနေတာတွေကြောင့် အမြင်မကောင်းတဲ့ ဒီနေ့ အနေအထားမှာလည်း
တွေ့နေရပါတယ်'' ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇူလိုင် ၁၅ ရက် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွင့်လှစ်ပွဲ
အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
တိုးပွားနေတဲ့
အိမ်ထောင်စုဟာ ဆောက်လုပ်နိုင်တဲ့ အိမ်ခန်းရဲ့ ၃ ဒသမ ၆ ဆ၊ သုံးဆခွဲ
ကျော်ကျော် တိုးနေတာ တွေ့ရတယ်။ ဆိုလိုတာက ရန်ကုန်မှာ အိမ်ရာမလောက်မငနဲ့
အများကြီး တွေ့ကြုံနေရပါတယ်။ ဒါ့အပြင် မြို့အင်္ဂါရပ်နဲ့ မညီဘဲ အဖီတွေ
ထိုးနေတာတွေကြောင့်...
ရန်ကုန်မြို့၏ လူဦးရေမှာ တစ်နိုင်ငံလုံး
လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း၊ နိုင်ငံအတွင်း၌ သဘာဝ လူဦးရေ
တိုးနှုန်းကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း များပြားသည့်
မြို့ပြဒေသများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့ နေထိုင်ခြင်းကြောင့်
လည်းကောင်း၊ မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေ တိုးနှုန်းသည် တဖြည်းဖြည်း
မြင့်တက်လာပြီး အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာလည်း
မြင့်တက်လျက်ရှိကြောင်း သိရသည်။
''ရန်ကုန်မြို့တော်
ကြီးမားကျယ်ပြန့် လာမှုနဲ့အတူ မြို့နေလူဦးရေ အလျင်အမြန် တိုးပွားလာမှုအတွက်
ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူမှုအဆင့်အတန်း မြင့်မားစေမယ့် အိမ်ရာအများအပြား
လိုအပ်ချက်ဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွက် သာမက ပြည်ထောင်စု
အစိုးရအဖွဲ့ အတွက်လည်း အရေးတယူ ဖြေရှင်းရမယ့် လုပ်ငန်းစဉ်
တစ်ရပ်ဖြစ်နေပါတယ်'' ဟုလည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆက်လက်
ပြောကြားခဲ့သည်။
တိုးပွားလာသည့် လူဦးရေနှင့်အညီ လိုအပ်သော
အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန် အတွက် အမှန်တကယ် အိမ်ရာလိုအပ်သူ
ဝင်ငွေနည်း မိသားစုများ၊ ပင်စင်စား၊ အစိုးရနှင့် ပုဂ္ဂလိက
ကုမ္ပဏီဝန်ထမ်းများနှင့် ၀င်ငွေပုံမှန် ရှိသူများ အရစ်ကျစနစ်ဖြင့်
အိမ်ရာဝယ်ယူ နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
တည်ထောင်နိုင်ရေး အတွက် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို
တည်ထောင်ကာ ၀င်ငွေနည်း မိသားစုများ အိမ်ရာပိုင်ဆိုင်နိုင်ရေးကို
ဆောင်ရွက်လျက် ရှိကြောင်းလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။
''ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ နိုင်ငံတော်အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ လွန်ခဲ့တဲ့
နှစ်ပေါင်း ၄၀ ကျော်ကပင် ၀န်ထမ်းအိမ်ရာ၊ တန်ဖိုးသင့်တင့် အိမ်ရာနဲ့
အခြားအိမ်ရာပေါင်း များစွာကို တည်ဆောက်ပေးနေ ခဲ့ပါတယ်။ သို့ပေမဲ့ လိုအပ်တဲ့
အိမ်ရာနဲ့ တည်ဆောက်ပေးနိုင်တဲ့ အိမ်ရာပမာဏဟာ မမျှမတ ဖြစ်နေပါတယ်။
အကြောင်းကတော့ နိုင်ငံတော် အစိုးရက နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးရေးလုပ်ငန်း
များစွာကို အစိုးရရဲ့ဘဏ္ဍာငွေနဲ့ ဆောင်ရွက်နေရတဲ့ အတွက် အိမ်ရာကဏ္ဍမှာ
ရင်းနှီးနိုင်စွမ်း နည်းခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတော်ရဲ့
ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ အိမ်ရာတည်ဆောက်ရေးကို ပုဂ္ဂလိကများ
ပါဝင်လာပြီး Public Private Partnership စနစ်နဲ့ လိုအပ်တဲ့အိမ်ရာ
အခက်အခဲကို ၀ိုင်းဝန်း တည်ဆောက်နိုင်ဖို့ မူဝါဒသစ် ချမှတ်ဆောင်ရွက်ဖို့
စီမံလျှက်ရှိပါတယ်'' ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်လွင်က ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment