ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည်
နယ်စပ်က မဲခေါင်မြစ်မှာ ရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ
ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်အခြမ်မှ ဖမ်းဆီးရမိတဲ့ငါး ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံ
က မြစ်များမှာလည်း နေထိုင်ကျက်စားတဲ့ငါးများလို့ ဆိုပါတယ်။ ပုံမှာ
မြင်တွေ့ရတဲ့ ငါးလက်ထုံက ပေါင် ၁၀၀၀ အထက်လေးပြီး အရှည် ၁၆ ပေ၊ ဗျက်အကျယ် ၇
ပေ ရှိပြိး ဆူးထစ်က ၁၅ လက်မ ရှည်ပါတယ်။ ယင်း ဆူးထစ်ဟာ အင်မတန်
အဆိပ်ပြင်းပြီး လူကိုသေစေနိုင်ပါတယ်။ သို့ပေမယ့် ဘယ်သူ့ကိုမှ
အန္တရာယ်မပြုပါဘူး။ သီးသန့်ဆန်ဆန်နေထိုင် တတ်ပြီး မြစ် ရေအောက်ကြမ်းပြင် နား
ကပ်ပြီးတော့ ပဲ နေထိုင်သွားလာလေ့ ရှိတဲ့ ရေချိုငါးများဖြစ်ပါတယ်။
သို့ပေမယ့် တံငှာများရဲ့  ဖမ်းဆီး မှုကြောင့် ငါးလက်ထုံ အရေအတွက်ဟာ
မဲခေါင်မြစ်ရော၊ အရှေ့ တောင်အာရှမှာ နည်းပါးလာတဲ့အတွက် အန္တရာယ်မပြုရ
ရှားပါး သက်ရှိမျိုးစိတ် တစ်ခု အဖြစ် နိုင်ငံတကာ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က သတ်မှတ် ထားခဲ့ပြီ ဖြစ်ကြောင်း
သိရပါတယ်။
---
Ref: NGC
International news for myanmar
--
http://www.innewsmyanmar.com/2013/02/blog-post_7527.html
---
Ref: NGC
International news for myanmar
--
http://www.innewsmyanmar.com/2013/02/blog-post_7527.html
--
No comments:
Post a Comment