မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများတိုးတက်စေရေးအတွက်ကာမ ဆန္ဒလှုံ့ဆော်စေ သည့်ဆေးဝါးပစ္စည်းများအားလိုက်လံဖမ်းဆီးအရေးယူ မှုများ ပြုလုပ်နေ လျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာနေရာဖြစ်သောညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း သိရှိရပါတယ်။အဲဒီကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး များရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့် အတွက်ေ ကြာင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်းအဆိုပါကာမ လှုံ့ဆော်ဆေး များ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာ သည်ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်း မရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေး အဖွဲ့မှာလည်း ဈေးကောက် ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။
တောင်ကြီးတိုင်းမ်

No comments:
Post a Comment