မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဦးစိုးသိန်းကအမှာ စကား ပြောကြား ၍ ခရိုင် တရားရုံး နှင့် မြို့နယ် တရားရုံး တို့မှ တရားသူကြီး ၁၂၁ ဦး၊ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်မှ တရားရေး အရာရှိ ၇ ဦး ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် မှ တရားရေး အရာရှိ ၁၀ ဦး ၊ စုစုပေါင်း ၁၃၈ ဦးတို့က မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် တရားသူကြီး ချုပ် ဦးစိုးသိန်း ၏ ရှေ့မှောက် တွင် ကျမ်းသစ္စာ ဆိုကြသည်။
ယင်းနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၌ တိုင်းဒေသကြီး / ပြည်နယ် တရား လွှတ်တော်များ ၊ ခရိုင် တရားရုံး များ၏ စတုတ္တ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ နှင့် မှာကြားချက် များကို ထပ်ဆင့် ရှင်းလင်း ဆွေးနွေးသည့် အခမ်းအနား အား ဆက်လက် ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
The Myawady Daily

No comments:
Post a Comment