လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပ သည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြောကြားသည်။
ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေး အဖြစ်ပေး ခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန် အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေ အဖြစ် ဆောင် ရွက်ပေးနိုင်ပါကပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န် ထမ်းများနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းကပြော သည်။ "အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာ တာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများ မရှိဘူး ဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
7Day News Journal

No comments:
Post a Comment