၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီးလပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား ကျား (၁၈) ဦးနှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာ အားဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံး ခဲ့ရာ အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့  နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက်အလုပ်လုပ်ကိုင်နေသောကျောက်ဒိုး(၁၉)စ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊ ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
သတင်း အပြည့်အစုံအား ဆက်လက် ဖော်ပြပါမည်။

No comments:
Post a Comment