Sunday, February 24, 2013

မာလီ နိုင်ငံ၏ အိမ်နီးချင်း နိုင်ဂျာတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝ ခန့် ဖြန့်ချ


အမေရိကန် အစိုးရသည် မာလီနိုင်ငံ အတွင်းရှိ ပြင်သစ် တပ်ဖွဲ့ဝင် များအား အကူအညီ ပေးရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို အိမ်နီးချင်း နိုင်ဂျာ နိုင်ငံတွင် တပ်ဖြန့် ချထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ထားသည်။

အဆိုပါ အမေရိကန် တပ်ဖွဲ့ဝင် များသည် ထောက်လှမ်းရေး ဆိုင်ရာ အကူအညီ ပေးရေးတွင် အထောက် အပံ့ ပေးသွားမည် ဖြစ်ကြောင်း အိုဘားမားက ဖေဖော်ဝါရီ ၂၂ ရက်တွင် လွှတ်တော်သို့ အကြောင်းကြား ခဲ့သည်။
ပြင်သစ် တပ်ဖွဲ့များသည် အစ္စလာမ်မစ် စစ်သွေးကြွ များနှင့် ဆက်သွယ်မှု ရှိသော အယ်လ်ကိုင်ဒါ တို့အား တိုက်ခိုက် ချေမှုန်းရန် ဇန်နဝါရီလ အတွင်းက မာလီနိုင်ငံ အတွင်း၌ တပ်ဖွဲ့များ ဖြန့်ချထားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် နိုင်ဂျာ နိုင်ငံတို့သည် ပြီးခဲ့သော လအတွင်း တပ်ဖွဲ့များ အချင်းချင်း အဆင့် မြှင့်တင်ရေး သဘော တူညီမှု တစ်ရပ် ရရှိ ခဲ့ကြပြီး အမေရိကန် အနေဖြင့် ၎င်း နိုင်ငံအတွင်း မောင်းသူ မဲ့ ထောက်လှမ်းရေး လေယာဉ်များအတွက် အခြေစိုက်စခန်း တစ်ခုကို တည်ဆောက်သွား မည် ဖြစ်ကြောင်း အမေရိကန် မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာ ထားသည်။

No comments:

Post a Comment

My Blog List