ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍ မော်လမြိုင် မြို့ နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရ သည်။
"စလောင်တာကပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ကနေ စလောင် တာ။သူတို့ကရေနံချီးလည်းလုပ်တယ်။စလောင်တဲ့အိမ်ကတော့ကုန် ပြီ။ဘေးကသုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြော ကြား သည်။
ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ်အဖွဲ့နှင့် ရပ် ကွက်ေ နပြည်သူအချို့မှ ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုးများနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။
TMA
ဓာတ်ပုံ-ကျော်စံဝင်း
The Myanma Age

No comments:
Post a Comment