Monday, February 25, 2013

ပဉ္စမ အကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ရထား ဆွဲပွဲ ကျင်းပ

 
ယမန်နေ့ ညနေ ၅ နာရီက ပဉ္စမ အကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်နှင့် ဇနီး၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စစ်တွေ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ပွဲတော် ကျင်းပရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့သူ မြို့သားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရထားဆွဲ ပွဲတော် ကျင်းပရေး နာယက ဦးသာထွန်းစိန်နှင့် ဥက္ကဋ္ဌ ဦးလှမောင်တို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကြီး ဖြစ်မြောက်ရေး အတွက် ဦးစီး ဆောင်ရွက် ပေးခဲ့ကြသည့် ကွယ်လွန်သူ ပုဂ္ဂိုလ် ကြီးများအား ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပွဲတော် ပူဇော်ပသရေး အဖွဲ့မှ အန္တရာယ်ကင်း ဂါထာတော် များဖြင့် ပူဇော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြို့သူကြီး ရပ်ကွက်နှင့် ဘောက်သီးစု ရပ်ကွက်တို့ ရထားဆွဲ ပွဲယှဉ်ပြိုင်မှုအား ကြည့်ရှု အားပေးခဲ့ ကြကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/7694-2013-02-25-09-54-20
.

No comments:

Post a Comment

My Blog List