အမေရိကန်နိုင်ငံ အရှေ့ ပိုင်း၊ Massachusetts ပြည်နယ်မှာ နေထိုင်တဲ့ Allen
Swift အမည်ရ ပုဂ္ဂိုလ်ဟာ Rolls Royce ကားတစ်စီးကို ကမ္ဘာ့အကြာဆုံး
ပိုင်ဆိုင်သူဖြစ် စံချိန်တင်ခဲ့ပါတယ်။
အသက် ၁၀၂ နှစ်၊ သက္ကရာဇ် ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်က ကျောင်းပြီးတဲ့ အထိန်းအမှတ်အနေနဲ့ အဖေ ဖြစ်သူက သူ့ကို ၁၉၂၈ မော်ဒယ် Rolls-Royce Piccadilly P1 Roadster တစ်စီး လက်ဆောင် ပေးခဲ့ပါတယ်။ယင်းလက်ဆောင်ကို အမြတ်တစ်နိုးထားလို့ အသုံးပြုပြီး သူကွယ်လွန်တဲ့ ၂၀၀၅ ခုနှစ်အထိ ဆိုရင် မောင်းခဲ့တဲ့ မိုင်ပေါင်းက ၁သိန်း ၇ သောင်း မကတော့ပါဘူး။ ၁၉၉၄ ခုနှစ်ကလည်း Rolls Royce မှလည်း အသိအမှတ်ပြု ဆုချီးမြင့်ခဲ့ပါသေးတယ်။ ဘဝတစ်လျှောက်လုံး ယင်းကား တစ်စီးတည်းကိုပဲ စီးလို့ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကွယ်လွန်ပြီးချိန်မှာတော့ သူ့ကားက ပိုင်ရှင်မဲ့သွားပါတယ်။
ပိုင်ရှင်မမဲ့ပါဘူး။ သူနေတဲ့ Springfield မြို့ ငယ်လေးက ပြတိုက်တစ်ခုကို လှူဒါန်းခဲ့ပြီး သူ့ကားဟာ ယခုဆိုရင် အမေရိကန်ဒေါ်လာ ၁ သန်း မတက တန်ဖိုး ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobile

No comments:
Post a Comment