မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ ကုန်ကူး ခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး နိုင်ငံ ပူးပေါင်း ၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှု များတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။
““ဦးတို့ လူကုန်ကူး မှုတွေကို တိုက်ဖျက်တဲ့အခါမှာ အဓိကတော့ MOU
ထိုးရမယ် ။နှစ်နိုင်ငံ လူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ
ပူးပေါင်းဆောင် ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက
လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့ မလေးရှားပါဝင်လာတယ်။ အစ
တုန်းကတော့မလေးရှားက သူတို့ နိုင်ငံမှာ လူကုန်ကူးခံရတာမရှိဘူး လို့ပြောတယ်။
အခုသူတို့ကလည်း လက်ခံလာပြီးနောက်တစ်ခုပြောချင် တာက
ဦးတို့နိုင်ငံမှာဝမ်းသာစရာ Foce Labour အလုပ်သမားမှတ် ပုံတင်နဲ့ပတ်သက်ပြီး
ကမ္ဘာက သတ်မှတ်တာ ဦးတို့နိုင်ငံက နံပါတ် သုံးဖြစ်သွားပြီ””ဟု
လူကုန်ကူးမှု တိုက်ဖျက်ရေးမှတာဝန်ရှိသူ ရာလျံမုန်းက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သော လူကုန်ကူးခြင်းခံရသည်မှာလည်း သူများနှင့်နှိုင်းယှဉ်ကာ ဆင်းရဲ သည်ဟု မိမိကိုယ်ကို ထင်သောကြောင့်ဖြစ်ကြောင်း ILO မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လူကုန်ကူးခြင်းခံရတာလည်း အဓိကတော့ ကိုယ်တိုင် ဆင်းရဲတာမဟုတ်ဘဲနဲ့သူများနဲ့နှိုင်းယှဉ်ပြီး ဆင်းရဲ တယ်လို့ထင်တာ။ အသင့်တင့်ရှိပါလျက်နဲ့ပိုချမ်းသာချင်လို့ဖြစ်ရတာ””ဟုပြောကြားခဲ့ သည်။
၂၀၁၂ခုနှစ်အတွင်း လူကုန် ကူးခြင်းခံရသည့် လူဦးရေသည် တရုတ်သို့ ၁၄၆ဦး၊ထိုင်းသို့ ၂၈ဦး ဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်များ၏ စာရင်းပြုစုထားသည့် အထောက်အထားအရ သိရသည်။
ဖြိုးအောင်
ွှThe Hot News

No comments:
Post a Comment