တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက အောင်သပြေ တိုးဂိတ်
ကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ကုမဏ္ဍီမှ တာဝန်ရှိသူများ၊ နေပြည်တော်မှ
ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ အခွန်ထိန်း ဦးစောအောင်၊နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သူ(၂၃) ဦးပါဝင်သည့် တောင်ကြီးမြို့ ၊
ပြည်သူ့ဆောက်လုပ်ရေး ၊ စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃ )ရက်နေ့
ကျင်းပခဲ့သည့် တိုးဂိတ်ညိနှီုင်း အစည်း အဝေးတွင် ပြောဆိုခဲ့သည့်
စကားများနှင့် ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူများ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းများ ကြားတွင် ဂယက်ရိုက်ခတ် လျက်ရှိကြောင်း သိရှိရသည်။
တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှုးဦးကောင်းစံဦးကယင်းအစည်းအဝေးတွင်တိုးဂိတ်နှင့်ပတ်သက်ပြီး ပြောကြား ရာတွင်......... " သည်လမ်းဟာ နိုင်ငံတော်ကနေ တည်ဆောက်ထားကြောင်း ၊ သည်လမ်းပေါ်မှာ စည်ပင် က ဘီးခွန်ကောက်တယ်၊ စည်ပင်သာယာနယ်နိမိတ်မှာသွားလာနေသည့်ယာဉ်များအားလုံး ဘီးခွန်ဆောင် ရကြောင်း၊ ကျွန်တော်ဆိုရင်သည်နေ့ပဲ ကျွန်တော့်အမည် ရာဇာ ဆိုပြီး အဲသည်တိုးဂိတ်ရှိသည့် လမ်း ကိုဖြတ်ကြောင်း၊ အသွား ၂၅၀၊ အပြန် ၂၅၀ ပေးရကြောင်း၊ သို့သော်လည်း ကျွန်တော်သည် ..ဌာနဆိုင်ရာ အကြီးအကဲမှန်သော်လည်း နိုင်ငံတော်လမ်းကို ဖြတ်သန်းသည့်အတွက် ပေးရကြောင်း ၊ ကျွန်တော် လစာ ၁လကို တစ်သိန်း လေးသောင်း၊ နိုင်ငံတော် ထောက်ပံ့ကြေး သုံးသောင်း၊ စုစုပေါင်း ၁၇၀၀၀၀ ရရှိပြီး ရရှိသည့်ငွေပေါ်မှာ အခွန်ဆောင်ရကြောင်း ၊ သည်လမ်းပေါ် ဖြတ်သန်းသွားသည့် ကားများ အားလုံးအ ခွန်လွတ်ဆို နည်းနည်းများသွားမည် ထင်ကြောင်း" ပြောဆိုသည်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ၏ ရှမ်းပြည်နယ်မှာမို့ လိုင်စင်မဲ့ကား တွေစီးနေရတာ ခင်ဗျားတို့ ကံကောင်းတယ် ပြောကြားချက်အား အစည်းအဝေးတွင် တက်ရောက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ပြန်လည်မေးခွန်းထုတ်ရာ...... ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင် လိုင်စင်မဲ့ ကားစီးနေသည်ဟုသိရကြောင်း ၊ နိုင်ငံတော် ကနေ လိုင်စင်မဲ့ ကားများအားစီးခွင့်ပေးထားသလား.......၊ ကျွန်တော်တို့ ပြည်သူတွေကော စီးပိုင်ခွင့်ရှိလား ဟုမေးခွန်း ထုတ်ခဲ့ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှုး အနေဖြင့် ပြည်သူထဲက ပြည်သူ တစ်ယောက်အနေဖြင့် လိုင်စင်မဲ့ကား အား ဘာကြောင့် စီးနင်းနေတာလည်း မေးမြန်းခဲ့ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ က ကိုမိုး ၏ ပြောပြချက်အရ သိရသည်။
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြန်လည်ပြောကြားရာတွင် လိုင်စင်မဲ့ကားစီးခွင့် မရ ရှိနိုင်ကြောင်း .နိုင်ငံတော်ကနေ ပေးထားသည့် မာဇဒါ ဂျစ် ပြုပြင်ထားသည့်အတွက် လိုင်စင်မဲ့ကား ၀ယ်စီး ရကြောင်း၊ ပြန်လည်ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများနှင့် ရှမ်းပြည်မျိုးဆက်အင်အား စု အဖွဲ့ ၏ပြောပြချက်အရ သိရှိရသည်။ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ၏မှတ်ချက်ပြော စကား နှင့် ပတ်သတ်ပြီး.....တရားဥပဒေစိုးမိုးရေးအားမေးခွန်းထုတ်စရာရှိနေကြောင်း ၊ တရားမ၀င် လိုင်စင်မဲ့ကားကိစ္စ ကို နိုင်ငံတော်ကနေပြီး ထိထိရောက်ရောက် အရေးယူနေသည့်ကာလတွင် လိုင်စင်မဲ့ကားကို ခရိုင် အုပ်ချုပ်ရေးမှုးကိုယ်တိုင် စီးနှင်းနေသည့်အတွက် အံ့သြမိကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ မှ ကိုညီညီမိုးက ပြောကြားခဲ့သည်။ တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အသွင် အမျိုးမျိုး ၊ နံပတ်ပြား အမျိုးမျိုး ၊ တံဆိပ် အမျိုးမျိုး တပ်ဆင်ပြီး မောင်းနှင်နေမှုအား ထိထိရောက်ရောက် တရားဥပဒေစိုးမိုး စွာ ဖြင့် ကျောသားရင်သား မခွဲခြားပဲ အရေးယူသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ ကဆိုသည်။
ဂျွန်ချစ်ငြိမ်း( တောင်ကြီး )
တိုးဂိတ်တွေပိတ်သိမ်းသင့်ပါသည်လူပေါ်လူဇော်လုပ်စား
ReplyDeleteသောလူလူချင်းလူညွန့်ခူးစားသောလုပ်များမှာဒီမိုကရေစီ
ခေတ်နှင့်မလျှော်ညီသည့်အတွက်ဖယ်ရှားသင့်ပါသည်။ခရိုင်အုပ်ချုပ်ရေးမှုးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနက
ညွန်ကြားရေးမှုးနဲလက်ထောက်ညွန်ကြားရေးမှုးတွေဟာ
စစ်တပ်ကအသွင်ပြောင်းဗိုလ်မှုး၊ဗိုလ်ကြီးနေရာယူထား
ပြီးငွေရဖို့ပဲအဓိကလုပ်ဆောင်နေတာသမ္မတကြီးကိုယ်
တိုင်မီးမောင်းထိုးဖော်ထုတ်သွားခဲပါပြီ။ခရိုင်အုပ်ချုပ်ရေး
မှုးဗိုလ်မှုးဟောင်းကြီးတိုဂိတ်ကိုပေးတာနဲ့နိုင်ငံတော်ကို
အခွန်ဆောင်မတူတာလဲမသိဘူးအဲဒါကြောင်မို့ကိုယ့်
လည်ပင်းကိုကြိုးကွင်းစွပ်ပြီးလိုင်စင်မဲ့ကားစီးတယ်လို့
ဝန်ခံတာပေါ့။ကားတွေကစပြီးတင်သွင်းလာကတည်းက
နိုင်ငံတော်ကိုအခွန်ပေါင်းမြောက်များစွာပေးဆောင်ရတယ်
လမ်းပေါ်တက်လုပ်စားမယ်ဆိုရင်လုပ်ငန်းလိုင်စင်ကုန်
တင်မယ်ဆိုရင်ကုန်တင်မည့်အခွန်ပေးဆောင်ရခရီးသည်
တင်မယ်ဆိုရင်ခရီးသည်တင်ခွင့်အခွန်ပေးဆောင်ရတယ်။
ဒီလိုမျိုးအခွန်ပေါ်အခွန်ဆင့်ကောက်ခံလိုအားမရသေး
လမ်းပေါ်တက်တော့လမ်းအသုံးပြုခကောက်တယ်မြို့ဝင်
တော့မြို့ဝင်ဘီးခွန်ကားရပ်တော့ရပ်နားခွန်ကုန်ချဖို့အချိန်မ
မှီလို့ညအိပ်တော့ညအိပ်ခွန်ကုန်ချတော့ဈေးကောက်
ကောက်တယ်မထသကြေးမော်တော်ပီကယ်ကြေးတဲ့
အဲဒီလောက်ပေးနေရတာကုန်ဈေးနှုံးဘယ်လိုကျမလဲဗျာ
ဆောက်လုပ်ရေးဝန်ကြီးဌာနမှာစစ်တပ်အသွင်ပြောင်းတွေ
နေရာယူထာပြီးသူတို့နှင်ပါတ်သက်သူများကိုလုပ်ပိုင်ခွင့်
တွေပေးထားတော့ကျောက်ပုံတွေပြမြောင်းလိုင်းတွေတူး
ပြထားတာနဲ့ပဲပိုက်ဆံတိုးတိုးကောက်နိုင်အောင်ပါဝါပိုပေး
တယ်ဟန်ပြလမ်းတွေခင်းပြီးတမိုးမခံဘူးပြန်ပျက်တယ်
ပျက်တော့ကားတွေအပေါ်အပြစ်ပုံချတယ်လမ်းခင်းတဲ့အ
ပေါ်ခံနိုင်ရည်ဘယ်လောက်ရှိတဲလမ်းကိုခင်းတယ်အရည်
သွေးမမှီရင်မှီအောင်လုပ်နိုင်တဲ့လုပ်ငန်းရှင်ကိုပြောင်းချပေး
မယ်ဆိုတာမရှိဘူး(၁၆))နှစ်ကျော်နေပြီလမ်းအရည်သွေး
တိုးတက်တာမရှိခဲ့ပါဘူးပိုက်ဆံများများကောက်လို့ရမယ့်
စည်ကမ်းတွေနည်းလမ်းတွေသုံတာပဲတွေ့မြင်ရပါတယ်
နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှတ်တော်ဥက္ကဌကြီးများ
လွှတ်တော်ကိုယ်စားလှယ်ကြီးများဆောက်လုပ်ရေးဝန်ကြီး
ဌာနမှလမ်းများပေါ်မှရရှိသောဝင်ငွေများ၊လုပ်ပိုင်ခွင့်ချထါး
ပေးပုံများ၊လုပ်ငန်းရသောကုမ္ပဏီများစည်းကမ်းချက်နှင့်အ
ညီလုပ်ငန်းလုပ်မလုပ်ကိုလွှတ်တော်အတွင်းကော်မတီဖွဲ့
စည်းကာကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သင့်ပါ
သည်။တိုးဂိတ်များဖျက်သိမ်းမှသာကုန်ဈေးနှုန်းကျဆင်းပြီး
ပြည်သူလူထုဆင်းရဲသားပပျောက်သွားမည်ဖြစ်ပါသည်