လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်းမှာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ် လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။
အဲဒီညီလာခံကို တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ် စုစုပေါင်း ၁၃ဝဝလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး၊ ညီလာခံကနေ လာမယ့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် မှုတွေကို လည်း ဆွေးနွေးသွားမယ်လို့လည်း သိရှိရပါတယ်။ လတ်တလောမှာတော့ ညီလာခံကျင်းပဖို့ အတွက် ဆွေးနွေးနေဆဲဖြစ်တာကြောင့် ညီလာခံကျင်းပမယ့် နေရာအတိအကျနဲ့ရက် ကိုတော့ ထုတ်ပြန် နိုင်ခြင်း မရှိသေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၄၂အနိုင်ရခဲ့ပါတယ်။
RFA Burmese

No comments:
Post a Comment