ယာဉ်လိုင်းအချို့တွင် တပ်ဆင် အသုံးပြုနေသာ i-Pay ကတ်များ ကို ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ယာဉ်လိုင်းအားလုံးတွင် တပ်ဆပ် အသုံးပြုသွားမည် ဖြစ်ကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုဆောင်ရွက်နေ သည့် ကစ္ဆပနဒီ ကုမ္ပဏီမှ ပရော်ဂျက် မန်နေဂျာ ကိုအောင်ကျော် ကပြောပြပါသည်။ယင်းiPayကတ်များကိုရန်ကုန်မြို့အတွင်းပြေးဆွဲနေ
သော
ယာဉ်လိုင်းအချို့တွင် တပ်ဆင်အသုံးပြု နေသော်လည်း သုံးစွဲမှု မတွင်ကျယ်ကာ
သုံးစွဲသူများလည်း အဆင်ပြေမှု မရှိကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီမှ
တာဝန်ရှိသူ တစ်ဦးက ''အကိုတို့ ဒီကတ်တွေကို တပ်ဆင်နေတာ ယာဉ်လိုင်းပေါင်း ၇
လိုင်းရှိပါပြီ။ ဒီ ၂၀၁၃ ခုနှစ် အတွင်းမှာတော့ ယာဉ်လိုင်း အကုန်လုံးမှာ
တပ်ဆင်သွားနိုင်အောင်
ပြုလုပ်နေပါတယ်။ အရင်ထက်စာရင် ဒီကတ်တွေကို သုံးစွဲလာတဲ့သူတွေ များလာပါတယ် ဒီကတ်ကို အသုံးပြုဖို့ ရပ်ဆိုင်း တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အကိုတို့က ဒီလုပ်ငန်းကို အကုန်လုံးဆီက ခွင့်ပြုချက် ရပြီးတော့မှ လုပ်တာပါ'' ဟု ပြောသည်။
ယင်း i-Pay ကတ်များကို ယခုအချိန်တွင် ယာဉ်လိုင်း ၆ လိုင်းတွင် တပ်ဆင် အသုံးပြုနေပြီး နောက်ထပ် ၁၂၈ ယာဉ်လိုင်းမှာ တပ်ဆင်အသုံးပြုရန် လုပ်ကိုင်နေပြီး နောက်ပိုင်းတွင် ယာဉ်လိုင်းအားလုံးတွင် တပ်ဆင်နိုင်အောင် ပြုလုပ်သွားမည်ဖြစ်ကာ ယင်း i-Pay ကတ်များကို ၀ယ်ယူနိုင်ရန်အတွက် မှတ်တိုင်များတွင် အရောင်းဌာန စုစုပေါင်း၂၅ ခုဖြင့် ရောင်းချလျက်ရှိပြီး i-Pay ကတ် တစ်ကတ်လျှင် ၃၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ကာ ၂၀၁၂ နှစ်ကုန်ပိုင်း ယင်းကတ်များကို ကိုင်ဆောင် အသုံးပြုသူ အရေအတွက်မှာ ၅၂၀၀၀ ကျော်ရှိုပြီး တစ်နေ့လျှင် ကတ်အရေအတွက် တစ်ရာကျော် ရောင်းချရကြောင်း ယင်းက ဆက်လက်ပြောသည်။
Eleven Media Group

No comments:
Post a Comment