အသားစားနွားများမွေးမြူသူ များအနေဖြင့် နွားအရှင်နှင့် အသား များကို ပြည်ပနိုင်ငံများသို့ ရောင်း ချနိုင်ရန်အတွက် အထူးအဖွဲ့များ က တိရစ္ဆာန်အစားအစာကျွေးမွေး မှုပုံစံနှင့် ရောဂါကင်းမကင်းကို မသတ်ဖြတ်မီစမ်းသပ်စစ်ဆေးမှု များပြုလုပ်၍ ရောဂါကင်းရှင်းမှသာသတ်ဖြတ်ခွင့်ပေးမည်ဟု သိရသည်။နွားမွေးမြူထားသူများကလည်းပည်ပသို့တင်ပို့ရောင်းချနိုင်ရန်စနစ်တကျမွေးမြူထားကာကျန်းမာ ရေးစောင့်ရှောက်မှုများကိုလည်း လုပ်ထားပြီး ပြည်ပနိုင်ငံများမှ ၀ယ်ယူမည့်သူများနှင့် လည်းချိတ် ဆက်ထား၍ ပြည်ပသို့တင်ပို့ရောင်း ချနိုင်ရန် အဆင်သင့်ဖြစ်နေပြီဆိုပါ က မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက အထူးအဖွဲ့ဖွဲ့ပြီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့တင်ပို့ပေးနေသည့်အမဲသားများတွင်ခွာနာလျှာနာမကင်းကြောင်း တွေ့ရှိရသဖြင့် အမဲသားတင်ပို့မှု ကို ဇူလိုင်လလယ်ပိုင်းကစတင်ပြီး ရပ်ဆိုင်းထားခဲ့ကြောင်း၊ ခွာနာလျှာ နာကင်းရှင်း သည့်ဒေသများနှင့် ရောဂါကျရောက်မှုလုံးဝမဖြစ်သည့် ဒေသများမှ မွေးမြူရေးနွားများကို လက်ခံဝယ်ယူ မည်ဆိုပါက ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
The Hot News
No comments:
Post a Comment