၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ ဆင့်မြင့်ဈေး သစ်ကြီး အဖြစ် ပြန်လည် တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ပြန်လည်ဖွင့် ကာဈးရောင်းချ ခွင့်ပေးနေ ပြီဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။ "ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ယာယီဈေးအဖြစ် ချပေးခဲ့ တဲ့နေရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။
ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာပါ။အခုလည်း
ဈေးသစ်ကြီး မှာ ပြန်ရောင်း ရဖို့အတွက် သုံးနှစ်နီးပါးလောက်စောင့်ခဲ့ရပါတယ်" ဟု ဆင်မလိုက်ဈေးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီး ယင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ဆောက် လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ်နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်မြို့ နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်မှ သာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။
Eleven Media Group

No comments:
Post a Comment