၁၆-၁၂-၂၀၁၂ ရက်နေ့ ၀၈၀၀ အချိန် ကရင်ပြည်နယ်၊ ဘုရားသုံးဆူ
မြို့နယ်ခွဲ၊ အမှတ်(၂)ရပ်ကွက်၊ ဥဒေါင်းကန်ရေလယ်ကျွန်း၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဘုရားသုံးဆူရဲစခန်း တပ်ဖွဲ့ ၀င်များ သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရာ သေဆုံး သူမှာ ရှမ်းကုန်းကျေးရွာနေ လွင်နောင်နောင် ဖြစ်ပြီး၊ ဦးခေါင်းဝဲဘက်နှင့် လည်ပင်း ညိုမဲဒဏ်ရာများ၊မေးစေ့အောက်တွင်(၁)လက်မ ခန့်ရှိ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲ/ယာတံတောင်များကျိုးပဲ့နေပြီး မျက်နှာ တစ်ခုလုံး သွေးများ ပေကျံလျက် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ဘုရားသုံးဆူ ရဲစခန်း(ပ)၂/၂၀၁၂၊ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် ခဲ့သည်။အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး နီးစပ်ရာ တပ်/ရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၁၇၃၀ အချိန်တွင် ဘုရားသုံးဆူ-မော်လမြိုင်ပြေးဆွဲသော လိုင်းကားပေါ်မှ မသင်္ကာဖွယ်တွေ့ ရှိသူ နေလင်း(ခ) လင်းလင်း(ခ)လင်းလင်းနိုင်(ခ)တက်နေလင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မတင်နွယ်အောင် တို့အား နယ်ခြားစောင့်တပ် (၁၀၂၃)မှ တွေ့ရှိသဖြင့်ခေါ်ယူစစ်ဆေးခဲ့ရာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန် ရာတွင် အသုံးပြုသည့် ၀က်အူလှည့်(၁)ချောင်းနှင့်သေဆုံးသူ လွင်နောင်နောင်ထံမှ ၎င်းတို့ရယူခဲ့သော အလေးချိန်(၆)ပဲ(၁)ရွေးရှိ အမ်စီရွှေဆွဲကြိုး(၁)ကုံး၊ အလေးချိန်(၁)ကျပ်သားခန့် ရှိ ရွှေဟန်းချိန်း(၁)ခု၊ အလေးချိန် (၅)မူးသားရှိ ရွှေလက်စွပ်(၁)ကွင်းတို့အား သိမ်းဆည်း ရရှိခဲ့သဖြင့် ပြစ်မှု ပုဒ်မ ၃၀၂ မှ ၃၀၂/၃၉၂ သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment