ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော
ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်းဆီးကာ ငွေသိန်း ၁၀၀
တောင်းယူ ထားလိုက်သည်ဟု သစ်ပိုင်ရှင် တစ်ဦးက ပြောသည်။
မော်တော်ဘုတ်ပေါ်တွင် သစ်တန်ချိန် ၉၀ တင်ဆောင်လာပြီး ကျောက်ဖြူမှ
၁၀မိုင်ခန့် အကွားအဝေးရှိ မုတ်ဆိုးမ ကျောက်တန်းအနီးတွင် စခန်းချနေသော
သစ်ပုတ်တောင် ရေတပ်စခန်း လက်အောက်ခံ ရေတပ် သင်္ဘောအမှတ် (၆၁၂) မှ
ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ငွေကျပ်သိန်း ၁၀၀ တောင်းခံပြီးမှ လွှတ်ပေးလိုက်ကြောင်းကို
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်ဆိပ်သို့ ရောက်ရှိနေသည့် သစ်ကုန်သည် တစ်ဦးက
နိရဉ္စရာသို့ ယခုလို ပြောသည်။
“ဇူလိုင် ၁၇ရက်နေ့ ညနေ ၃နာရီမှာ ဖမ်းခံထိတာပါ။ ကျပ်သိန်း ၁၀၀
တောင်းပါတယ်။ မြို့ကို အဆက်အသွယ် လုပ်ပြီး ငွေမှာယူရပါတယ်။ သိန်းတစ်ရာ
ပေးပြီး နောက်မှာတော့ လွှတ်ပေးလိုက်ပါတယ်။ CDMA ဖုန်း တစ်လုံးကိုလည်း
သိမ်းယူထားလိုက်ပါတယ်” ဟု ပြောသည်။
ကျပ်သိန်တစ်ရာမှာ အထူးများလွန်သဖြင့် သစ်သမားများ အနေဖြင့် အများကြီး ထိခိုက်နစ်နာခဲ့ရသည်ဟု သူက ဆိုသည်။
“ သိန်း ၁၀၀ မပေးရင် သစ်နဲ့ ဘုတ်ကို သိမ်းမယ်။ လူတွေကိုပါ ဖမ်းဆီး
ထောင်ချမယ်ဆိုတော့ မပေးရင် ဒုက္ခ ပိုတွေ့နိုင်တာကြောင့် တောင်းတဲ့ ငွေကို
ပေးလိုက်ကြရတာ ဖြစ်ပါတယ်။ သစ်တွေကို ဘင်္ဂလာကို သွားရောင်းရင်လည်း သိန်း ၁၀၀
အမြတ် ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း
ယူရင်လည်း နည်းနည်းပါးပါး မယူဘဲ ကိုယ့်ပြည်သူ လူထုကို ဒီလောက်
နှိပ်စက်နေတာဟာ တော်တော် မတရားရာ ရောက်ပါတယ်” ဟု သစ်ကုန်သည်က ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ မြန်မာ့ ရေတပ်ကို အကြောင်း မကြားဘဲ
တိတ်တိတ်ကလေး ခိုးထုတ်ရန် စီစဉ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ မြန်မာ့ရေတပ်နဲ့ အဆက်အသွယ် လုပ်ပြီး သွားမယ်ဆိုရင် ဘုတ်တစ်စီးကို
တောင်ကုတ်က ထွက်တာနဲ့ သံတွဲက ရေတပ်ကို ၂ သိန်း၊ ကျောက်ဖြူ ရေတပ်
အကောက်ဂိတ်မှာ ကျပ်ငွေ ၂သိန်း၊ စစ်တွေ ဖရုံကာကျွန်း ရေတပ် အကောက်ဂိတ်မှာ
၂သိန်း၊ ရေချမ်းပြင် အကောက်ဂိတ်မှာ ၂သိန်း စုစုပေါင်း ကျပ်ငွေ ၈
သိန်းပေးပြီးမှ တက်ကနက် ဆိပ်ကမ်းကို ရောက်ပါတယ်။ အမြတ်ဆိုတာတော့
သိပ်မရှိပါဘူး။ ဒါပေမယ့် အလုပ်အကိုင် မရှိတော့ သွားလာ နေကြရတာ ဖြစ်ပါတယ်”
ဟုပြောသည်။
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ တက်ကနက် ဆိပ်ကမ်းတွင် သစ်ဈေးနှုန်းမှာ ကျွန်းသစ်
တစ်ဖုတ် (ဒေသအတိုင်းအတာ) လျှင် တာကာ ၅၅၅၀၊ ကန်းညင် တစ်ဖုတ်ကို တာကာ ၁၅၀၀
ရှိသည်ဟု သိရသည်။ တစ်တန်တွင် သစ်ဖုတ် ၅၀ ရှိပြီး ဘင်္ဂလာ တာကာနှင့် ကျပ်ငွေ
လဲလှယ်ရာတွင် ဘင်္ဂလာ တာကာ ၁၀၀ကို မြန်မာကျပ်ငွေ ၉၆၀ ရှိသည်ဟု သိရသည်။
ယခု ဖမ်းဆီးခံခဲ့ရသော ဘုတ်မှာ ကျောက်ဖြူမြို့မှ စီးပွားရေး သမား တစ်ဦး ပိုင်ဆိုင်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment