Wednesday, July 25, 2012
မျိုးဆက်သစ် လူငယ်များ.... သိပါလေစ...။
လူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုက အောက်ခြေ၀န်ထမ်းပင်ဖြစ်ပါစေ အဲဒီအဖွဲ့အစည်းရဲ့ ရာထူးအဆင့် တစ်ခုခုကို ရယူပြီး အဲဒီကပေးတဲ့ လခစားထားသူ/ဒါမှမဟုတ် တာဝန်တစ်ခုခုယူထားသူဆိုရင် အဲဒီလူရဲ့လူအများသိစေတဲ့ အပြုအမူ/ အပြောအဆို ဟာ အဲဒီအဖွဲ့အစည်းရဲ့ သိက္ခာနဲ့ ရပ်တည်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကိုယ်စားပြုတယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ..။
ကိုယ့်ရဲ့ နားမလည်ပါးမလည် အသုံးမကျခဲ့တဲ့ စကားတွေနဲ့ လုပ်ဆောင်ချက်တွေအတွက် ပြောချင်တိုင်းပြော စော်ကားချင်တိုင်းစော် ကားပြောဆိုပြီးတော့မှ ဒါဟာ သူ့ရဲ့ ပုဂ္ဂလိက အမြင်/ခံစားချက်ဆိုပြီး ဘေးကလူက ၀င်ရှင်းပေးရတဲ့အဖြစ်မျိုးနဲ့ ကိုယ့်သိက္ခာနဲ့ ကိုယ့်အဖွဲ့အစည်းသိက္ခာကို မြောင်းထဲရောက်အောင် လွှင့်ပစ်တတ်တဲ့သောက်ကျင့်တွေဟာ ယခုလို တာဝန်ယူရဲသူ တာဝန်ခံရဲသူ၊ လုပ်ရဲရင် ခံရဲတဲ့ လူမျိုးတွေ များပြားစွာလိုနေတဲ့ မြန်မာနိုင်ငံ တိုးတက်ရေး ရေစီးကြောင်းကို အများကြီး နှောင့်နှေးစေပါတယ်..။
ကမ္ဘာပေါ်မှာ ကိုယ်ပြောခဲ့တဲ့ စကားတစ်ခွန်း၊ ကိုယ်ပြုခဲ့တဲ့ အပြုအမူအတွက် အသိစိတ်/တာဝန်ယူမှုရှိစွာ နှုတ်ထွက်သွားသူ၊ တောင်းပန်သူ၊ ဒိုင်ခံဖြေရှင်းသူ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေ အများကြီးပါ။
လွတ်လပ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မိုးခါးရေသောက်တဲ့ အများအလယ်မှာ သူများက ခါးတယ်လို့ ပြောလာတဲ့ ကိုယ့်အပြုအမူ အသေးအမွှားလေးတစ်ခုကို အများကထောက်ပြလို့ (ရှင်းရှင်းပြောရင် ဘေးက ခြေထိုးနေတာကို ပြည်သူ့ရှေ့မှာ သိက္ခာမကျစေချင်လို့) တာဝန်ယူ၊ တာဝန်ခံပြီး နှုတ်ထွက်သွားခဲ့တဲ့ တာဝန်ရှိသူ ခေါင်းဆောင် ဆိုလို့
NLD နာယက ဦးတင်ဦး (ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး/ငြိမ်း/ကာကွယ်ရေးဦးစီးချုပ်ဟောင်း) တစ်ဦးပဲ .. ရှိပါသေးတယ်..။
ရင်နာဖို့ကောင်းတာက
ဗမာ့တော်လှန်ရေးကာလအတွင်း ဗိုလ်မှူးကြီးဘထူးအောက်မှာ ဂျပန်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တဲ့ ဦးတင်ဦး
တရုတ်ဖြူကို လက်ပစ်ဗုံးပိုက်ပြီး ရင်ဆိုင်လို့ သူရဘွဲ့ရခဲ့တဲ့ ဦးတင်ဦး
ဗိုလ်ချုပ်တစ်ယောက်ရဲ့အခြေအနေနဲ့ ဆန့်ကျင်စွာ တန်းလျားကိုသွား ရဲဘော်များနဲ့ ထမင်းအတူစားပြီး မိမိ အတွေ့အကြုံတွေကို စကားဝိုင်းဖွဲ့ပြောတတ်တဲ့ ဦးတင်ဦး။
၁၉၅၀ ကျော်များက ကာချုပ်မဖြစ်ခင်မှာ ရခိုင်ဒေသ စစ်မင်းကြီးအဖြစ် ရခိုင်ပြည် ဘူးသီးတောင် မောင်တောမှာ ယခု ရိုဟင်ဂျာဆိုသူ ဘင်္ဂလီ မူဂျာဟစ်ဒင်တွေကို နှိမ်နင်းခဲ့ပြီး နယ်မြေရှင်းလင်း/ ပြန်လည်ထူထောင်ရေးကိုလုပ်ခဲ့တဲ့ ဦးတင်ဦး..။
မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် အသက်အငယ်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးတင်ဦး၊
စစ်သက်ကာလတစ်လျှောက်မှာ တိုင်းတပါး လူမျိုးခြား ကျူးကျော်သူ သုံးမျိုး (ကုလား/တရုတ်ဖြူ/ဂျပန်)သုံးမျိုးစလုံးကို တွေ့ကြုံတွန်းလှန်ခဲ့တဲ့ ဦးတင်ဦး။
ဘင်္ဂလီကို လက်မခံဘူးလို့ ပြည်ပမီဒီယာတွေကို ပြောခဲ့တဲ့အတွက် လွတ်လပ်သော ရိုဟင်ဂျာတက်ကြွလှုပ်ရှားမှုအဖွဲ့က မြန်မာ့နိုင်ငံရေးကို ကပြောင်းကပြန်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်စာပိုပြီး စစ်ရာဇ၀တ်ကောင်အဖြစ် စွဲချက်တင်ခိုင်းတဲ့ ဦးတင်ဦးဟာ..
ဘာမဟုတ်တဲ့/ အိမ်တစ်လုံးစာတောင်မပြည့်တဲ့ အုတ်သဲကျောက်အနည်းငယ်ယူသုံးတယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုတည်းနဲ့... နိုင်ငံရေးခြေထိုးမှုမှန်း သိရက်နဲ့ တာဝန်ယူမှုပြည့်ဝစွာ/ ခေါင်းဆောင်ပီသ စွာ ... အပြောမခံနိုင်စွာနဲ့ နာမည်တစ်လုံးနဲ့ ဂုဏ်သိက္ခာအတွက် ကာကွယ်ရေးဦးစီးချုပ် ရာထူးက နှုတ်ထွက်ခဲ့တယ်ဆိုတာ......။
မျိုးဆက်သစ် လူငယ်များ.... သိပါလေစ...။
ခုခေတ်က ဇာတ်တူသားစားသူတွေ၊ သစ္စာဆိုပြီး သစ္စာဖောက်သူတွေ၊ ရှေ့က မျီုးချစ်စိတ်လို့ပြောပြီး နောက်ကျောဘက်က ကုလား/တရုတ်ကို လက်ဝါးဖြန့်သူတွေနဲ့ ယှဉ်ကြည့်ကြပေါ့ဗျား...။
အဲဒီလိုလူမျိုးသာ အခုအချိန် ရခိုင်ဒေသမှာ... ရှိနေခဲ့ရင်...။ ??????
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment