Tuesday, July 24, 2012
ဦးနေမျိုးဝေကို ရဲကစစ်ဆေး
ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး မင်္ဂလာဒုံရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုံအဖြစ်ချထားပေးခြင်းမရှိ ၊ လန ၃၉ မကျ ၊ လယ်ယာမြေအသုံးပြုခွင့်မရှိဘဲ နဲ့  အဆောက်အဦးတွေဆောက်တာ ၊ လမ်းတွေဖေါက်တာ ၊ အုတ်မြောင်းတွေဆောက်တာ ၊ မီးတိုင်တွေစိုက် တာတွေ ဟာ ဥပဒေနဲ့ မညီကြောင်း ၊ဒါ့အပြင် လယ်ယာမြေတွေကို
နိုင်ငံတော်က သိမ်းတယ်လို့ တောင်သူလယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့ တယ်လို့  ဆိုပါတယ်။
စက်မှုဇုံ ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃ ထောင်ကျော်မှာ လန ၃၉ ကျသွားပြီဖြစ်ပါတယ်။ စက်မှုဇုံ ၄ ကတော့ လန ၃၉ မကျဘဲ သီးစားပြန်ချထားတာဖြစ်ပါတယ်။
ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧက ကို ဇေကမ္ဘာကုမ္ပဏီလက်ထဲကနေ လယ်သမားတွေလက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ
ပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အဲဒိလယ်မြေ တွေကို စက်မှုဇုန်တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
ဦးနေမျိုးဝေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရွှေနံ့သာကျေးရွာက လယ်မြေတွေသိမ်းယူခံထားရတဲ့ လယ်သမားတွေအပါအ၀င်၊ တောင်သူ ၂၀၀ လောက်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment