အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ''ဥက္ကဋ္ဌအနေနဲ့ ဦးတီခွန်မြတ်တင်သွင်းခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့အဆိုမှာ ပါဝင်ဆွေးနွေးဖို့ လွှတ်တော်ရုံးကို စာရင်းပေးသွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ပတ်သက်လို့ သူ စိတ်ဝင်စားတယ်တဲ့။ တိုင်းရင်းသားတွေ မပါဘဲနဲ့ မြန်မာနိုင်ငံကြီးက အဓွန့်ရှည် တည်တံ့အောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံ ထူထောင်လို့လည်းရမှာ မဟုတ်ဘူးလို့ ယုံကြည်ထားတယ်။ အဲဒါကြောင့် ဆွေးနွေးဖို့ စာရင်းပေးခဲ့တာပါ။ လွှတ်တော်က အဆိုနဲ့ပတ်သက်လို့ ကိုယ်စားလှယ်တွေကို ဘယ်နေ့မှာ ဆွေးနွေးခွင့်ပြုမလဲဆိုတာကတော့ မသိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
14 hours ago
No comments:
Post a Comment