လာမည့်အပတ်ကျရင်
မြစ်ကြီးနားမှာ ကြံ့ဖွပ်ဇနီး ကချင်အမျိုးသမီးများ ဦးဆောင်တဲ့
ငြိမ်းချမ်းရေး ဗိသုကာတစ်စု ကိုယ်ဟန်ပြ စီတန်းလှည့်လည်ဖို့ သတင်းစကား
ကြိုတင်ကြားထား ရလို့ အံသြမိပါတယ်။
ဆိုလိုသည်မှာ`ပိုးသာကုန်၊
မောင်ပုန်စောင်းမတတ်` ဆိုတာမျိုး မဖြစ်စေချင်လို့ တစ်နေ့တာ
ဖျော်ဖြေရေးမို့ ဈေးကြီးကြီး အလှပြင်စရာတော့ မလိုဘူးထင်ပါရဲ့။
ကချင်အမျိုးသမီးကြီးများရဲ့ မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ကရုဏာ အစရှိတဲ့
နာကြီးငါးပါးကိုလည်း ချီးကျူး ဂုဏ်ပြုချင်ပေမယ့် ယူကျုံးမရလည်း
ဖြစ်မိပါတယ်။
ဆင်ခြင်စရာလေးတစ်ခု မှတ်ကျောက်တင်ဖို့ ထပ်လောင်း
ဝေငှချင်ပါသေးတယ်။ ဒေါ်လေးတို့ လိုချင်တောင့်တနေတဲ့ အရာဟာ
ငြိမ်းချမ်းရေးဆိုတော့ လွန်ခဲ့တဲ့ (၁၇) နှစ်လုံးလုံး ခံစားခဲ့ရတဲ့ အရသာထူး
အခြေအနေမျိုးကို ဆိုလိုသလားမသိ။ ထောက်ပြလိုသည်မှာ လွန်ခဲ့တဲ့
(၁၇)နှစ်တာကာလဟာ အပစ်အခတ်ရပ်ဆိုင်းထားတာကလွဲပြီး ငြိမ်းချမ်းရေး၏
ဆန့်ကျင်ဘက် ဆီသို့ အရှိန်ပြင်းပြင်း ခရီးဝေးနှင်ခဲ့ကြတာ
သတိထားမိစေလိုပါတယ်။
အဆိုပါခရီးဝေးမှ မူလနေရာ ပြန်ရောက်ဖို့ရယ်၊
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ရယ်၊ ပြည်ထောင်စုကြီး မပြိုကွဲဖို့ရယ်၊
တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ရယ် အစရှိတဲ့ အများပြည်သူတွေရဲ့
တကယ့်တကယ် အဓိကလိုအပ်ချက်တွေကို မပျက်ပျက်အောင်ဖျက်ပြီး မပျောက်ပျောက်အောင်
ဖျောက်နေသူတွေဟာ KIO/KIA တွေမဟုတ်ကြဘဲ ကြံ့ခိုင်ရေးအမည်ခံ လက်ရှိအကြံအဖန်
ရာဇဝတ်သားလက်ကျန် တွေသာဖြစ်ကြောင်း အထူးလေ့လာဆန်းစစ် စေလိုပါတယ်။
ဒေါ်လေးတို့ရယ် - ကချင်အမျိုးသမီးများရဲ့ အနာဂတ်သမိုင်း
စန်းပွင့်လှပသင်းပျံ့ မွှေးကြိုင် လိုပါက စစ်မှန်တဲ့ ပန်းတိုင်ကို
လှမ်းမြင်တတ်ဖို့လည်း လိုပါလိမ့်မယ်။
ယခုဖြစ်ပုံကို ကွက်ကွက်ကွင်းကွင်း
မီးမောင်းထိုးပြစတမ်းဆိုရင် ဗိုက်နာနေသူ တစ်စုံ တစ်ဦးက လူကြားသူကြားမှာ
တိတ်တိတ်ကလေး လေပုပ်မြူးလိုက်တဲ့ဟာကို ဦးဏှောက် မရှိတဲ့ ခွေးတစ်စုက
မစင်တုန်းများတွေ့လိုတွေ့ငြား အလုအယက်အနံ့ခံ စွန့်စားရှာဖွေနေကြသလို
ဒေါ်လေးတို့ခမျာ မကြာမီစီတန်းလှည့်လည်မယ့် အစီအစဉ်ဟာလည်းပဲ
ကြံ့ခိုင်ရေးဦးကြီးတွေ ဗိုက်နာလို့ လေပုပ်မြူးလိုက်တဲ့ဟာကို `အု အု အု အု -
သူ့စကားလူမသိ၊ လူ့စကားသူမသိ၊ သနားပါဘိ` ဆိုတဲ့အဖြစ်မျိုး
မရောက်စေလိုကြောင်း စေတနာမွန်ဖြင့် မီးမောင်းထိုးပြလိုက်ရ
ကြောင်းပါခင်ဗျား။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment