မကြာခင်က
ပွဲဆူသွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဦးအောင်သိန်းလင်းက ယနေ့ ထွက်ရှိ တဲ့
ပေါ်ပြူလာ ဂျာနယ်မှာ တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံထုတ်
သတင်းစာတခုဖြစ်တဲ့ Southern Weekend အပတ်စဉ် သတင်းစာ မှာ
ဖော်ပြထားချက်တွေဟာ မိမိဖြေဆိုမှုနှင့် လွဲမှားနေတယ်လို့ ပေါ်ပြူလာ
သတင်းဂျာနယ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ဆက်သွယ် မေးမြန်းခန်းမှာ
ပြောလိုက်ပါတယ်တဲ့။
တရုတ်ထုတ် 南方周末 - Southern Weekly (Southern Weekend) အပတ်စဉ် သတင်းစာမှာ သူပြောခဲ့တာ ကို ဖော်ပြထားတာကတော့ " မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန် တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ၊
လွှတ်တော်ရဲ့ အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြား
နားလည်မှု လွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့
ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက်ခဲ့ကြတာ၊ ဘယ်နှယ့်ဗျာ ဒီလောက် အရေးကြီးတဲ့
စီမံကိန်းကို ရပ်ပစ်ရတယ်။ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား
မလုံ
လောက်မှုကို အများကြီး အကျိုးပြုမယ့် စီမံကိန်းဗျ၊ ဒီစီမံကိန်း
ပြန်ကို ပြန်စရမယ်ဗျာ" လို့ ဦးအောင်သိန်းလင်း က ပြောခဲ့တယ်လို့
ဖော်ပြထားပါတယ်။
အဆိုပါ သတင်းစာမှာပဲ သူက ပြီးခဲ့တဲ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ ဘဲဥ မကွဲပဲ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ အနိုင်ရသွားတာဟာ "ပြည်သူတွေက
ရူးလို့ပေါ့"ဟု ပြောခဲ့ပါတယ်။
ဦးအောင်သိန်းလင်းက
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ထင်ထင်ရှားရှားဖြစ်အောင် သေချာ
စမ်းစစ်လေ့လာ သုံးသပ်သင့်တယ်လို့သာပြောခဲ့ တာပါတဲ့။ သူနဲ့ အင်တာဗျူတဲ့
တရုတ် သတင်းစာက ဘာသာပြန် လွဲမှားဖော်ပြ ချက်သာဖြစ်ပြီး သူ့အနေနဲ့
ပြည်သူတွေနဲ့ သဘောထား တထပ်တည်းရှိကြောင်း တုံ့ပြန်ထားတယ်လို့ သိရပါ တယ်။
ဦးအောင်သိန်းလင်း
ဘယ်လို ပြန်ကုစားပြီး ဘယ်လို ဖြေထားတယ်ဆိုတာတွေ အသေးစိတ်သိနိုင်ဖို့ ယနေ့
ထွက်ရှိမယ့် ပေါ်ပြူလာ သတင်းဂျာနယ်ကို ဖတ်ကြည့်နိုင်ရန် လက်တို့ လိုက်ပါတယ်။
ပေါ်ပြူလာ ဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဤသတင်းကို အစ ဖော်ပြထားပါတယ်။ ဤနေရာလေးကို နှိပ်ပြီး အမြည်း သွားကြည့်နိုင်ပါတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment