Saturday, July 28, 2012
ကချင်နှင့်အစိုးရ ပဋိပက္ခကြောင့် အမျိုးသမီးနှင့် ကလေးများ အနာဂတ် စိုးရိမ်ရဟု KWAT ပြော
မြန်မာအစိုးရစစ်သားများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မန်ဂျယ် (မန်စီ)မြို့နယ်မှ အပြစ်မဲ့ ကချင်အမျိုးသမီး ဒေါ် ခေါန်မိုင်။
ကချင်ပြည်နယ်တွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲဖြစ်ပွားချိန် အမျိုးသမီးနှင့် ကလေးများသည် စစ်ဒဏ်များကိုပို၍ရင်ဆိုင်နေရကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT ကပြောသည်။
အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန် အမျိုးသမီးများ ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရကြောင်း သိရသည်။
ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အမျိုးသမီးများသည်လည်း အစိုးရတပ်ဖွဲ့၏ လက်နက်များဖြင့် ပစ်ခတ်ခြောက်လန့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းမှုဖြစ်လာကြောင်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
ထွက်ပြေးလွတ်မြောက်လာသော စစ်ပြေးကိုယ်ဝန်ဆောင်အမျိုးသမီးများသည်လည်း မီးဖွားချိန်ဒုက္ခသည် အခက်ခဲများရင်ဆိုင်နေရပြီး သေဆုံးမှုရှိလာခြင်းဖြစ်ဟုပြောသည်။
“မိုင်ဂျာယန် (Mai Ja Yang) ဘက်ကအမျိုးသမီးတစ်ယောက်က အမြဲတမ်းလန့်ပြီးနေတော့ ကလေးမွေးဖို့အား မရှိဘူးလေနော်။ အဲဒါကြောင့် ကလေးမမွေးနိုင်လို့သေသွားတယ်။ အားဆေးတွေလည်းမစားရတော့ ကိုယ့်ဟာကိုယ်မွေးယူတဲ့တချို့တွေအတွက် အရမ်းခက် ခဲပြီးတော့မွေးရတယ်။ တချို့ဆိုမွေးခန်းမရှိဘူးလေ။ အဲဒါတွေကြောင့် အချိန်မှီမမွေးနိုင်တာ တွေရှိတယ်” ဟု ဒေါ်မွန်းနေလီပြောသည်။
တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ကျေးရွာတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များတွင် ထိမှန်၍ သေဆုံးမှုများဖြစ်ပွားခဲ့သည့် ဖြစ်အပျက်များကို ရိုက်ကူးထားသည့် ဗွီဒီယို မှတ်တမ်းကိုလည်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ဇူလိုင် ၂၂ ရက်နေ့က ဖြန့်ချီခဲ့သည်။
ထို ဗွီဒီယိုမှတ်တမ်းတွင် အစိုးရနှင့် KIA ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားချိန် ထွက်ပြေးတိမ်းရှောင် နေရသော အမျိုးသမီးနှင့် ကလေးများ ကြုံတွေ့ခဲ့သော အခက်အခဲများကို ကချင်ဘာသာ (Jinghpaw laika) ဖြင့် ပြောပြထားသည်။
“ကျမတို့ထွက်ပြေးလာတော့ ကလေးတွေပိုများတယ်။ ၉၀ ယောက်လောက်ဟုတ်တယ်။ ပြီးတော့ တလ မပြည်သေးတဲ့ သားအမိလည်းပါတယ်။ သေနတ်က မြည်လာ။ သူတို့(စစ်တပ်)က မီတာနဲ့ချိန်ထားတယ် ဆိုတော့ တောတောင်တွေချောက်တွေဆိုတော့ သူတို့ချိန်တဲ့နေရာမှာမကျပဲ တခြားနေရာမှာလာ ကျမှာလည်း စိုးရိမ်တယ်။ အဲဒီလိုနဲ့ ကလေးတွေကိုလည်း ဒီတိုင်းဆွဲပြီးပြေးတယ်။ ကလေးတွေလမ်း မလျှောက်နိုင်ဘူး။ ကိုယ်ဝန်ဆောင်တွေလည်း ရှေ့မှာကလေးပိုးတဲ့သူကပိုး နောက်မှာကြောပိုးအိတ် ထမ်းတဲ့သူကထမ်း.. ထမင်းတွေလည်း ကောင်းကောင်းမစားရဘူး နည်းနည်း ပဲစားပြီး ပြန်ပြေး” ဟု ကချင်အမျိုးသမီးတစ်ဦး ပြောပြထားသည်။
ထို့ပြင် အစိုးရစစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အမျိုးသမီးတစ်ဦးပုံနှင့် ၄င်း၏အမျိုးသားမှ အဖြစ်အပျက်ကိုလည်း ကချင်ဘာသာ (Jinghpaw laika) ဖြင့် ရှင်းပြထားသည်ကိုတွေ့ရသည်။
“ကျနော်မိန်းမကိုတော့ အဲဒီမှာ ဓါးမြောင်နဲ့ထိုးထားတယ်။ ကျနော်တို့အိပ်တဲ့နေရာအထက်မှာ ထိုးပြီးအောက်ဘက်မှာ ၀ှက်ထားတဲ့ ပုံစံနေမှာပေါ့။ ကျောက်တုံးကြားမှာ ညှပ်ထားပေးတယ်။ နားကပ်က တစ်ဖက်ကဖြုတ်ယူပြီး တဖက်ကတော့ ပန်နေသေးတယ်။ သူတို့ထိုးတာက ဘယ်ဘက်အောက်က နံရိုး ၃ ခုမှာထိုးလိုက်တော့ ညာဘက် နံရိုး ၄ နေရာမှာ လာပေါက်တယ်” ဟု အသတ်ခံရသူ၏ အမျိုးသားမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေလျှင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အမျိုးသမီးနှင့် ကလေးငယ်များအတွက် စိုးရိမ်စရာရှိကြောင်း အမျိုးသမီးအဖွဲ့မှပြောခြင်းဖြစ်သည်။
ယခုချိန် ကလေးများ ပညာသင်ကြားချိန်တွင်လည်း ဒုက္ခသည်စခန်းတွင်းအခက်ခဲကြောင့် စာသင်ကြားမည့်နေရာထိုင်ခင်းမရှိပဲ ပညာရေးထိခိုက်မှုဖြစ်လာကြောင်း ပြောသည်။
ထို့ကြောင့် နိုင်ငံရေးပြဿနာကို ရှေးဦးစွာ ညှိနှိုင်းဆွေးနွေးကာ တရားမျှတသည့် အဖြေကိုအမြန်ဆုံးရှာပြီး ငြိမ်းချမ်းသည့် နိုင်ငံတစ်ခု ဖြစ်လာရန် အဓိကအရေးကြီးကြောင်းနှင့် ထိုသို့အဖြေမရှာနိုင်ပဲ အချိန်ကြာမြင့်စွာ ဆက်လက်ပစ်ခတ်နေမည်ဆိုပါက အမျိုးသမီးများနှင့် ကလေးများအတွက် ဘ၀အနာဂတ်မဲ့ အခြေအမြစ်မရှိဖြစ်သွားနိုင်သည်ဟု KWAT မှ ဒေါ်မွန်းနေလီကပြောသည်။
“အခုချိန်မှာ အဖြေကောင်းကောင်းမရပဲ အချိန်ကြာ ဆက်ပြီးတော့ ပစ်ခတ်နေမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေအတွက်ပိုပြီး စိုးရိမ်ရမယ်။ တချို့က ကိုယ့်ခင်ပွန်းတွေ တိုက်ပွဲထဲမှာဆုံးသွား တချို့ကပေါ်တာမှာပါသွားပြီး နှိပ်စက်တာတွေပြုလုပ်ပြီးစစ်တပ်က သတ်ပေးလိုက်တာတွေများလာရင် ကျန်နေတဲ့ အမျိုးသမီးတွေက ကလေးတွေနဲ့ မုဆိုးမတွေဖြစ်လာမယ်။”
KNG
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment