Tuesday, July 24, 2012
၈၈ မျိုးဆက်ကျောင်းသားများ သမ္မတနှင့် တွေ့ဆုံမည်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဖို့ ရှိနေပြီး တိုင်းပြည်တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၈၈ မျိုးဆက်က ကိုမြအေးက ပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ ဖြစ်စဉ်ပေါ့၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ ကာလ၊ အနာဂတ်သွားမယ့် ကာလ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံကို ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောမှာပေါ့။ ကချင်စစ်ကိစ္စကိုလည်း ရပ်ဆိုင်းဖို့ ကျနော်တို့ ပြောမှာပဲ။ အလားတူပဲ လယ်ယာမြေ သိမ်းခံရတဲ့ကိစ္စ အများကြီးပေါ့ဗျာ။”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ တွေ့ဆုံခဲ့တာ အဆင်ပြေပေမယ့် ဆဲဗင်းဇူလိုင်မှာတော့ အခက်အခဲလေးတွေ ရှိခဲ့တယ်လို့ ကိုမြအေးက ပြောဆိုသွားပါတယ်။
“အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့တော့ အဆင်ပြေပါတယ်။ အခက်အခဲ အတားအဆီး မရှိဘူး။ ကြားထဲမှာ အထစ်အငေါ့လေးဖြစ်တာက ဆဲဗင်းဇူလိုင် ကိစ္စပေါ့နော်။ တဖက်နဲ့တဖက် ယုံကြည်မှုရှိတယ်ဆိုရင် ဆဲဗင်းဇူလိုင် ကလေးတွေ လုပ်တာကို အကာအကွယ်ပေးနိုင်တာပဲ။ လူငယ်တွေလုပ်တဲ့ ဆဲဗင်းဇူလိုင်ကို တားဆီးပိတ်ပင်တာကိုတော့ ကျနော်တော့ စိတ်မကောင်းဖြစ်မိတယ်။ နောက် ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီးတော့ ၈၈ ရုံးခန်းထဲဝင်ပြီး ကိုကျော်ကိုကိုတို့ကို ရှာတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အားကောင်းမောင်းသန် ရှေ့ဆက်သွားနိုင်ဖို့အတွက်လည်း ၈၈ မျိုးဆက်က လိုလားပါတယ်လို့ ကိုမြအေးက ဆိုသွားပါတယ်။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment