အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ စပါးအတွက် ပရီးမီးယားလိဂ်
အိမ်ကွင်းနိုင်ပွဲ ၂၀၀မြောက်ဖြစ်ခဲ့ပြီးနောက်ဆုံး ၁၂ပွဲဆက် မရှုံးတဲ့
မှတ်တမ်းကိုလည်း ရေးထိုးသွားနိုင် ခဲ့ပါတယ်။ ဒီပွဲမှာ ၂သင်းစလုံး ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ်ကတော့ ပွဲအစမှာ စပါးကို စတင်တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။
ဂျန်ကင်ဆန်ရဲ့ထောင့်ဖြတ်ကန်ချက်ကို ဟူဂိုလိုရစ် ကာကွယ်နိုင်ခဲ့သလို ဗာတွန်ဂန်၊ ဒေါ်ဆန်တို့ ခံစစ်အတွဲ မာကျောခဲ့လို့ အာဆင်နယ်တို့ နီးစပ်တဲ့အခွင့်အရေး မရခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၃၇မိနစ်အရောက်မှာ ဆီဂတ်ဆန် ထိုးပေးလိုက် တဲ့ဘော လုံးကို ဘေးလ်က အာဆင်နယ်နောက်ခံလူတွေကြားကပြေးထွက်ပြီး စပါးအတွက် အဖွင့်ဂိုး ရယူပေးနိုင် ခဲ့ပါတယ်။ ဒီကစားသမားဟာ အခုပွဲစဉ်မှာ ဘောလုံးထိချက်အနည်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ၇ကြိမ် ပဲ ဘောလုံးထိခဲ့တာပါ။ ဘေးလ်ဟာ ၂၆မိနစ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ ငှက်ပျောသီးနဲ ပစ်ပေါက်ခြင်း ခံခဲ့ရပြီး ကစားသမားဟောင်း အဒီဘာယောကိုလည်း ပရိသတ်တွေ က အော်ဟစ်လှောင်ပြောင် ခဲ့ကြပါတယ်။ အဖွင့်ဂိုးပေးလိုက်ရတဲ့ အာဆင်နယ် ကစားကွက် ပြန်မ တည်နိုင် ခင်မှာပဲ စပါးတို့ ဒုတိယ ဂိုးထပ်ရခဲ့ပြီး ပါကားရဲ့  ပေးပို့မှုကို လန်နွန်က ဂိုးသမားကို လိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။
စပါးဟာ ပထမပိုင်းမှာ ၂ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲတွေမှာ ၃၂ပွဲနိုင်၊ ၁ပွဲသရေ ကစားနိုင်ခဲ့သလို ဒီပွဲမှာလည်း အနိုင်ရသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၆မိနစ်အကြာမှာထောင့် ကန်ဘော ကတစ်ဆင့်မာတီဆက်ကာက ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အာဆင်နယ်ဟာ လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုးအတွက် ပိုဒေါစကီး၊ ရိုဆစ်စကီးတို့ကို ထည့် သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် မွန်ရီရယ်၊ ရမ်ဆေး၊ ၀ဲလ်ကော့တို့ရဲ့ ကန်ချက်တွေ ဂိုးပေါက်နဲ့ လွဲချော်ခဲ့လို့ ရှုံးပွဲကြုံခဲ့ရပြီး စပါးနဲ့ ၇မှတ်အထိပြတ်ခဲ့ရပါတယ်။
YoYarLay

No comments:
Post a Comment