ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆု ဆွတ်ခူးနိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားလိုက်သည်။
အာထစ်ဆရီ သည် မြန်မာ၏ပြုပြင်ပြောင်းလဲရေးသမ္မတဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ်ဆင်ကီတွင် တွေဆုံခဲ့ပြီးနောက်ဤသို့ ပြော ကြား ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်ဟယ်ဆင်ကီသိုရောက်ရှိစဉ်ဖင်လန်အစိုးရ က မြန်မာ အား ဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။ ယခင်က ဖင်လန်သမ္မတအဖြစ်လည်း တာဝန် ယူခဲ့သူနိုဗယ်ဆုရှင် မစ္စတာ အာထစ်ဆရီ က မြန်မာအစိုးရသည်၎င်းတို့ အကောင် အထည်ေ ဖါ် ဆောင်ရွက်နေသော ဒီမို ကရေစီ အသွင်ကူးပြောင်းရေးများ ပြီးပြည့်စုံအောင်မြင် သွားပါ က နိုဗယ်ငြိမ်း ချမ်းရေးဆုအတွက်အရေးပါသည့်ဆန်ကာတင်စာရင်းဝင်ဆုရှင်ဖြစ်လာနိုင်သည်ဟုယုံကြည်ကြောင်း ပြောသည်။
အာထစ်ဆရီ ကိုယ်တိုင်လည်း ၂၀၀၈ အတွက် ငြိမ်ချမ်းရေးနိုဗယ်ဆုကို နိုင်ငံတကာပဋိပက္ခများစွာ၌ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် ခဲ့မှုကြောင့်ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းက မြန်မာအစိုးရသည် သမ္မတဦးသိန်းစိန်၏ လက်အောက်၌ “ဥပမာအားဖြင့် ကြားဖြတ်အစိုးရ တစ်ရပ်က လုပ်ဆောင်သည်ထက် ပိုမြန် သည့် ရလဒ်များကိုလျင်မြန်စွာရခဲ့ကြောင်း ” အသိ အမှတ်ပြုပြော ကြားသည်။ ယင်းပြင်၎င်းက သမ္မတ ဦးသိန်းစိန်အားလည်း တိုင်းပြည်ကို အသွင်ပြောင်းလဲရေး အားထုတ် မှုများ ဆက်လက်လုပ်ဆောင်သွားရန်နှင့် အပြောင်းအလဲသည် အတွင်းမှသာလာကြောင်းပြော ဆို ခဲ့သည်။
ဖင်လန်သမ္မတ ဆော်လီ နင်နစ္စတို သည် မြန်မာသမ္မတနှင့်သော ကြာနေ့ က တွေ့ ဆုံ ခဲ့ပြီးနောက် မြန်မာ သို့ ဖွံ့ ဖြိုးရေးအကူအညီ ယူရို ၆ ဒဿမ ၅ သန်းပေးရန် ကြေငြာခဲ့သည်။ ယင်းနောက် မြန်မာသမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက “ဖင်လန်ဟာ မြန်မာကို ပူးပေါင်းသွားဖို့ ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေး တိုးတက်ဖို့ ခြေလှမ်းတွေလည်း စတင်ခဲ့ပါပြီ”ဟု ပြောကြား သည်။
သံတမန်ရင်းမြစ်များ၏ အဆိုအရ ဖင်လန်၏ထောက်ပံ့ရေး အကူအညီများသည် မြန်မာသို့ ၂၀၁၄ မှ ၂၀၁၆ အတွင်းပေးအပ်သွားမည်ဟု သိရသည်။
Ref: AFP
The Myanma Age

No comments:
Post a Comment