Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Thursday, March 05, 2020

အောင်လအန်ဆန်းအား ဂျပန်ထိပ်တန်းအသက်အာမခံကုမ္ပဏီက Brand Ambassador အဖြစ် ခန့်အပ်

Image may contain: 1 person, outdoor
ဂျပန်နိုင်ငံမှ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲဖြစ်သော Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life”) ၏ Brand Ambassador အဖြစ်ကမ္ဘာကျော် MMA အားကစားသမား အောင်လအန်ဆန်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။

Thursday, February 13, 2020

ထိုးသတ်ရန် စိန်ခေါ်လာသည့် ဒတ်ခ်ျ လူမျိုး အားကစားသမား နှင့် ထိုးသတ်ရန် အောင်လအန်ဆန်း သဘောတူ

ဒတ်ခ်ျ လူမျိုး တိုက်ခိုက်ရေး သမား Reinier '''The Dutch Knight ''' De Ridderနှင့် ထိုးသတ်ရန် အောင်လအန်ဆန်း မှ ဖေဖော်ဝါရီ (၁၂) ရက်နေ့က သဘောတူ စာချုပ် အား လက်မှတ် ရေးထိုးလိုက်ကြောင်း ၎င်း၏ လူမှု့ ကွန်ယက် စာမျက်နှာ တွင် ဖော်ပြထားသည်။

Wednesday, January 15, 2020

ကိုယ်ခံပညာမျိုးစုံအသုံးပြုပြီး ယှဉ်ပြိုင်တိုက်ခိုက်တဲ့ MMA ကစားသမား အောင်လအန်ဆန် ၂၀၁၉ ရဲ့ နိုင်ငံတကာအကောင်းဆုံး တိုက်ခိုက်ရေးသမားဆု ရရှိ



Image may contain: 1 person, smiling
အောင်လအန်ဆန်ဟာ MMA ဝိတ်တန်း နှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး လာမယ့် မတ်လအတွင်းမှာ Light Heavy Weight ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ထိုးသတ်ဖို့ရှိနေပါတယ်။

Tuesday, December 24, 2019

နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချိနေသော Victor Sport က သက်ထားသူဇာအား Equipment လေးနှစ်ထောက်ပံ့မည်

Image may contain: 4 people, people smiling, people standing
နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချီနေသည့် Victor Sport က သက်ထားသူဇာကို Equipment လေးနှစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်ကကျင်းပသည့် Victor Sport ၏ ပထမဆုံးမြန်မာနိုင်ငံဆိုင်ခွဲဖွင့်လှစ်ပွဲမှ သိရသည်။

Thursday, December 05, 2019

၂၀၁၉ ခုနှစ် (Sea Game)ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်ကြက်တောင် အားကစားမယ် မသက်ထားသူဇာ ကွားတာဖိုင်နယ် တက်ရောက်

Image may contain: 1 person, smiling, textImage may contain: 9 people, people smiling, people standing
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်ပလျှက်ရှိသည့် Phillipines SEA GAMES ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် မသက်ထားသူဇာသည် ၂၀၁၉ ဆီးဂိမ်းပထမပွဲစဉ် အဖြစ် မလေးရှား ကြက်တောင် မယ် Soniiia Cheah Su Ya နှင့် ဒီဇင်ဘာဘ လ ၄ ရက်နေ့က SEA GAMES Badminton individual Event(Women) ယှဉ် ပြိုင်ကစားရာတွင် (၂- ၁)ပွဲဖြင့် မလေးရှား ကြက်တောင် အားကစားမယ် အား အနိုင်ရရှိပြီး ကွာတာဖိုင်နယ် သို့ တက်ရောက်သွားကြောင် သိရသည်။

Wednesday, November 27, 2019

အောင်လအန်ဆန်းကိုဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်



ကချင်ပြည်နယ်နေ့အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအားဂုဏ်ပြုသည့်အနေဖြင့် ကလပ် ပေါင်းစုံဖိတ်ခေါ်Boxingပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ သိရသည်။

Tuesday, October 08, 2019

စိန်ခေါ်သူဗီရာနှင့်ထိုးသတ်ရန်မြန်မာဖိုက်တာအောင်လအန်ဆန်ထိုးသတ်ပွဲ အပါအဝင် ပွဲဆိုင်း (၁၁) ပွဲပါဝင်


Image may contain: 22 people
မြန်မာဖိုက်တာအောင်လအန်ဆန်သည် စိန်ခေါ်သူ ဗီရာနှင့် ထိုးသတ်ပွဲအပါအဝင် ပွဲဆိုင်း(၁၃)ပွဲပါဝင်မည်ဖြစ်သည်။

Monday, September 02, 2019

စီးရီးမြန်မာပြိုင်ပွဲအတွက် ပြင်းထန်သောလေ့ကျင့်မှုတွေကိုလုပ်နေတဲ့ ကြက်တောင်မယ် သက်ထားသူဇာ


မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကတော့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်တာနေရှင်နယ် စီးရီးမြန်မာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Wednesday, April 08, 2015

အသက် ၁၀၀ မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲ ဂျပန်ဖွားဖွား ကမ္ဘာ့စံချိန်တင်


ဂျပန်နိုင်ငံက အသက် ၁၀၀ ရှိတဲ့ အဖွားအိုတယောက်ဟာ ကမ္ဘာမှာ မီတာ ၁၅၀၀ Freestyle လို့ခေါ်တဲ့ အလွတ် ရေကူးပြိုင်ပွဲမှာ ပန်းဝင်အောင် အောင်မြင်စွာ ကူးခတ်နိုင်တဲ့ ပထမဆုံး ရာပြည့် ဖွားဖွားအဖြစ် မှတ်တမ်း တင်သွားပါတယ်။

Friday, April 05, 2013

အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ

Photo: အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ
=========================================

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ၊ လူငယ် ဘောလုံး လောက ဖွံဖြိုး တိုးတက်ရေး အတွက် အားစိုက် ဆောင်ရွက်ခဲ့ခြင်း ၊ မြန်မာ နေရှင်နယ် လိဂ်အား ပရော်ဖက်ရှင်နယ် စနစ်ပီသစွာ အကောင်ထည် ဖော်ဆောင်ရွက် နေခြင်းနှင့် တန်းဆင်း တန်းတက်စနစ် ကျင့်သုံးမည့် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲအား ကျင်းပပေး နိုင်ခဲ့ခြင်း ၊ အမျိုးသား ယူ-၂၂ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းများအား အာရှ ခြေစစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း ၊ အမျိုးသမီး လက်ရွေးစင် အသင်း အာဆီယံ ချန်ပီယံရှစ်တွင် ဒုတိယ ရရှိစေခြင်း ၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပေးခြင်း ၊ ပြည်ပသို့ စေလွှတ် သင်ယူစေခြင်း ၊ ကစားကွင်းနှင့် အခြေခံ အဆောက်အဦများ အသစ် ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ပေးနေခြင်း စသည်တို့အပြင် လူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများကိုလည်း အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်တာ အာဆီယံ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ကုမာဒါသည် ပြီးခဲ့သည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းအား ဒုတိယဆု ရရှိနိုင်ရန် စွမ်းဆောင်ပေး နိုင်ခဲ့သလို အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းအား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ခြင်းတို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အလားတူ ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ကြည်လင်းမှာလည်း အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ညာအစွန် ကွင်းလယ်လူ အဖြစ် ရွေးချယ်ခံ ရကြောင်းလည်း တွေ့ရှိရသည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများ

ASEAN Goodwill Award: His Royal Highness Sultan Haji Ahmad Shah
AFF Life Service Award: His Excellency Tengku Tan Sri Dato’ Seri Ahmad
Rithaudeen
AFF Assistant Referee of the Year 2012 (women): Widiya Habibah Shamsuri (Mas)
AFF Assistant Referee of the Year 2012 (men): Tang Yew Mun (Sin)
AFF Referee of the Year 2012 (women): Pannipar Kamnueng (Tha)
AFF Referee of the Year 2012 (men): Abdul Malik Abdul Bashir (Sin)
AFF Youth Player of the Year 2012: Keoviengphet Litideth (Lao)
AFF Futsal Player of the Year 2012: Suphawut Thuenklang (Tha)
AFF Futsal Team of the Year 2012: Thailand
AFF Member Association of the Year 2012: Myanmar Football Federation
AFF National Team of the Year 2012 (women): Vietnam
AFF National Team of the Year 2012 (men): Singapore
AFF Coach of the Year 2012 (women): Kumada Yoshinori (Mya)
AFF Coach of the Year 2012 (men): Avramovic Radojko (Sin)
AFF Player of the Year 2012 (women): Dang Thi Kieu Trinh (Vie)
AFF Player of the Year 2012 (men): Mohammad Shahril Ishak (Sin)
အာဆီယံအကောင်းဆုံး ၁၁ ဦးစာရင်း
Goalkeeper: Kawin Thamsatchanan (Tha)
Rightback: Nguyen Minh Duc (Vie)
Centreback: Baihakki Khaizan (Sin)
Leftback: Panupong Wongsa (Tha)
Leftback: Theerathon Bunmathan (Tha)
Right midfield: Kyi Lin (Mya)
Centre midfield: Safiq Rahim (Mas)
Left midfield: Anucha Kitpongsri (Tha)
Strike: Mohammad Shahril Ishak (Sin)
Striker: Teerasil Dangda (Tha)အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်း အ နားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပ ခဲ့ ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

Sunday, March 24, 2013

ဘက်စုံထူးချွန် အပန်းဖြေ စခန်းနှင့် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်း တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး

Photo: ဘက်စုံထူးချွန် အပန်းဖြေ စခန်းနှင့် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်း တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး 
Sunday, March 24, 2013

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ယမန်နေ့ နံနက်ပိုင်းက ပုလဲ ငွေဆောင် ဟိုတယ်ရှေ့၌ ဘက်စုံထူးချွန် အပန်းဖြေ စခန်းမုခ်ဦး ဆောက်လုပ်နေမှု၊ ဟိုတယ် ဝင်းအတွင်း ဘက်စုံထူးချွန် အပန်းဖြေ စခန်းဖွင့်ပွဲ အခမ်းအနား စင်မြင့် ဆောက်လုပ် နေမှုနှင့် ဘက်စုံထူးချွန် ကျောင်းသားများ အတွက် ဆောက်လုပ်ပြီး အဆောင်
များကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ပင်လယ်ပြင် ရွက်လှေ
လေ့ကျင့်ရေး စခန်းသို့ သွားရောက်ပြီး အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ မြို့
နယ်ခွဲ ဌာနဆိုင်ရာ များနှင့် မြန်မာ့ လက်ရွေးစင် ရွက်လှေ အားကစား သမားများအား တွေ့ဆုံ နှုတ်ဆက်ကာ ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့
ကျင့်နေမှု၊ ရွက်လှေ အားကစား သမား များ လေ့ကျင့်နေမှု၊ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်းတည်ဆောက်
ရေး လုပ်ငန်းဆောင်ရွက် ပြီးစီးမှု များနှင့် ငွေဆောင် မြို့နယ်ခွဲ ကားဂိတ်
ဟောင်း နေရာ တို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ယမန်နေ့ နံနက်ပိုင်းက ပုလဲ ငွေဆောင် ဟိုတယ်ရှေ့၌ ဘက်စုံထူးချွန် အပန်းဖြေ စခန်းမုခ်ဦး ဆောက်လုပ်နေမှု၊ ဟိုတယ် ဝင်းအတွင်း ဘက်စုံထူးချွန် အပန်းဖြေ စခန်းဖွင့်ပွဲ အခမ်းအနား စင်မြင့် ဆောက်လုပ် နေမှုနှင့် ဘက်စုံထူးချွန် ကျောင်းသားများ အတွက် ဆောက်လုပ်ပြီး အဆောင် များ ကို ကြည့်ရှု စစ်ဆေးသည်။

Sunday, March 17, 2013

ဂျပန် ယူ-၁၅ အသင်းနှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းမည်

Photo: ဂျပန် ယူ-၁၅ အသင်းနှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းမည်
Sunday, March 17, 2013 

ဂျပန် ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းသည် လာမည့် ဧပြီလတွင်
မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းခြေစမ်းပွဲများကို လာမည့် ဧပြီလ ၂၀၊ ၂၁၊ ၂၃ ရက်များတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး မြန်မာ ယူ-၁၆ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၉ အသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့သည် အာဆီယံချန်ပီယံရှစ် လူငယ်ပြိုင်ပွဲများ အတွက် လေ့ကျင့်ပြင်ဆင်နေသည့် အသင်းများဖြစ်ပြီး ယူ-၁၈ အသင်းမှာမူ ဖွဲ့စည်းရခြင်း မရှိသေးသော်လည်း မြန်မာ ယူ-၁၉ အသင်းမှ အရန် ကစားသမားများဖြင့် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းကို ဘရာဇီးလ်လူမျိုး နည်းပြ မားကို့စ် မြန်မာ 
ယူ-၁၉ အသင်းကို ဂျာမနီလူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်တို့က ကိုင်တွယ် လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည်လက်ရှိတွင် MNL -2 ပထမတန်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် လာမည့်ဧပြီလ တတိယပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ခြေစမ်းပွဲ (၃)ပွဲ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဓာတ်ပုံ -  မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် 
အသင်းသားများ

Eleven Media Groupဂျပန် ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းသည် လာမည့် ဧပြီလတွင်
မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်
ယင်းခြေစမ်းပွဲများကို လာမည့် ဧပြီလ ၂၀၊ ၂၁၊ ၂၃ ရက်များတွင် ယှဉ် ပြိုင် ကစားရန် စီစဉ်ထားပြီး မြန်မာ ယူ-၁၆ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၉ အသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆

Saturday, March 16, 2013

အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့်နေသော နာနီ

မန်ယူ ကွင်းလယ်လူ နာနီသည် ၎င်းအနေဖြင့် အ သင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့်နေ သည်။ အဆိုပါ ပေါ်တူဂီ ကစားသမားသည် ယခု ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲသာ ကစား ခဲ့ ရသော် လည်း လွန်ခဲ့သော ရီးရဲလ် အသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် တွင် ခြေစွမ်းများ ပြသနေခဲ့ သူဖြစ် သည်။ သို့သော် နာနီိမှာ ယင်းပွဲစဉ်တွင် အငြင်းပွား ဖွယ် ထုတ်ပယ် ခံခဲ့ရပြီး မန်ယူ အသင်း ရရှိသော အခွင့် ဂိုးအား အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးခဲ့

Wednesday, March 13, 2013

ဘာစီလိုနား အေစီမီလန်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတား တက်ပြီ

Photo: ဘာစီလိုနား အေစီမီလန်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတား တက်ပြီ

ချန်ပီယံစ် လိဂ် နောက်ဆုံး ၁၆ သင်း ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနားက အေစီ မီလန် ကို ၄ ဂို ဂိုးမရှိနဲ့ နိုင်ပြီး နှစ်ပွဲပေါင်း ၄ ဂိုး ၂ ဂိုး ရရှိကာ ကွာတား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနား က  အိမ်ကွင်း ပီပီ မီလန်ကို တချိန်လုံး ဖိကစားနိုင်ခဲ့ပြီး၊ ပထမပိုင်း မှာတင် တိုက်စစ်မှူး မက်ဆီက ၂ ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီသွင်းယူ တဲ့ ၂ လုံး စလုံးဟာ ဂိုးရှေ့ ပါနယ်တီး စည်း နားလောက်က နေ လှမ်းကန် သွင်းတဲ့ ဂိုးတွေပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာ  ဒေးဗစ် ဗီယာ က တဂိုး သွင်းယူပြီး၊ မိနစ် ကိုးဆယ်ပြည့်လို့ အချိန်ဖြည့် ကစားချိန် ၉၁ မိနစ် အရောက်မှာ  အဲဘာ က တလုံး သွင်းယူပြီး  ၄ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ါပတယ။်

နောက်တပွဲ ကတေော့ ဂျာမဏီက ရှောကာနဲ့ တူရကီက ဂလက်တာ စာရေး တို့ ပွဲဖြစ်ပြီး ဂလက်တာ စာရေးက ရှောကာကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး နှစ်ပွဲ ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ဂလက်တာ စာရေး ကွာတား တက်သွားပါတယ်။ချန်ပီယံစ် လိဂ် နောက်ဆုံး ၁၆ သင်း ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနားက အေစီ မီလန် ကို ၄ ဂို ဂိုးမရှိနဲ့ နိုင်ပြီး နှစ်ပွဲပေါင်း ၄ ဂိုး ၂ ဂိုး ရရှိကာ ကွာတား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနား က အိမ်ကွင်း ပီပီ မီလန်ကို တချိန်လုံး ဖိကစား နိုင်ခဲ့ပြီး၊ ပထမပိုင်း မှာတင် တိုက်စစ်မှူး မက်ဆီက ၂ ဂိုး သွင်းယူပြီး ပွဲ ကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ်။

Wednesday, March 06, 2013

ရီးရဲလ်နှင့်ပွဲတွင် အရန်ခုံရောက်ခဲ့သည့် ရွန်နီ၏မန်ယူအနာဂတ် မသေချာ

Photo: ရီးရဲလ်နှင့်ပွဲတွင် အရန်ခုံရောက်ခဲ့သည့် ရွန်နီ၏မန်ယူအနာဂတ် မသေချာ
Wednesday, March 6, 2013

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရီးရဲလ်နှင့်ပွဲတွင် ပွဲထွက်စာရင်းမှ ချန်လှပ်ခံရခြင်းမှာရွန်နီ၏ မန်ယူကစားသမားဘ၀ကို အဆုံးသတ် သွားစေနိုင်သည်ဟု ဝေဖန်ပြောကြား သွားခဲ့သည်။ 

ရွန်နီသည် နောဝစ်ခ်ျနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၁ဂိုးသွင်းပေးနိုင်ခဲ့သည့်
အပြင် ကာဂါဝါ ဟက်ထရစ်သွင်းယူရန် ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်
ပေးနိုင်ခဲ့သူလည်းဖြစ်သည်။

သို့သော် ရွန်နီမှာ ရီးရဲလ်နှင့်ပွဲတွင် အရန်ခုံတွင်သာ ရှိနေခဲ့ပြီး ပွဲချိန် ၇၃မိနစ်မှ လူစားလဲ ပါဝင်ခွင့်ရရှိခဲ့သည်။ ရွန်နီကို ပွဲထွက်စာရင်း မထည့်သွင်းခဲ့ခြင်းမှာ ခံစစ်အသားပေးဗျူဟာကြောင့်ဟု နည်းပြဖာဂူဆန်က ဖြေရှင်းထားခဲ့ပြီး အလွန်ဆို တိုက်စစ်ပံ့ပိုးမှုမလုပ်နိုင်ရန် ၀ဲလ်ဘက်နှင့် ထိန်းချုပ်ခဲ့ခြင်းဟု ဆိုခဲ့သည်။ 

သို့သော် ရွိုင်ကိန်းက ရွန်နီကို အရန်ခုံပို့ခဲ့ခြင်းမှာ နည်းစနစ်ပိုင်းနှင့် သက်ဆိုင်ခြင်းမရှိဟု ဝေဖန်ခဲ့ပြီး ဖာဂူဆန်၏ ပွဲထွက်စာရင်းထုတ်မှု ကြောင့် ရွန်နီ၏အနာဂတ်ကို ထိခိုက်စေနိုင်သည်ဟု ထင်ကြေးပေးသွားခဲ့သည်။

YoYarLayမန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရီးရဲလ်နှင့်ပွဲတွင် ပွဲထွက်စာရင်းမှ ချန်လှပ်ခံရခြင်းမှာရွန်နီ၏ မန်ယူကစားသမားဘ၀ကို အဆုံးသတ် သွားစေနိုင်သည်ဟု ဝေဖန်ပြောကြား သွားခဲ့သည်။
ရွန်နီသည် နောဝစ်ခ်ျနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၁ဂိုးသွင်းပေးနိုင် ခဲ့သည့်အပြင် ကာဂါဝါ ဟက်ထရစ်သွင်းယူရန် ဂိုးဖန်တီးမှု ၁ကြိမ် ပြု လုပ်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။

Monday, March 04, 2013

လန်ဒန်ဒါဘီမှာ ရှုံးပွဲကြုံခဲ့တဲ့ အာဆင်နယ်

Photo: လန်ဒန်ဒါဘီမှာ ရှုံးပွဲကြုံခဲ့တဲ့ အာဆင်နယ်
Monday, March 4, 2013

အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ စပါးအတွက် ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ ၂၀၀မြောက်ဖြစ်ခဲ့ပြီးနောက်ဆုံး ၁၂ပွဲဆက် မရှုံးတဲ့ မှတ်တမ်းကိုလည်း ရေးထိုးသွားနိုင် ခဲ့ပါတယ်။ ဒီပွဲမှာ ၂သင်းစလုံး ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ်ကတော့ ပွဲအစမှာ စပါးကို စတင်တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

ဂျန်ကင်ဆန်ရဲ့ထောင့်ဖြတ်ကန်ချက်ကို ဟူဂိုလိုရစ် ကာကွယ်နိုင်ခဲ့သလို ဗာတွန်ဂန်၊ ဒေါ်ဆန်တို့ ခံစစ်အတွဲ မာကျောခဲ့လို့ အာဆင်နယ်တို့ နီးစပ်တဲ့အခွင့်အရေး မရခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၃၇မိနစ်အရောက်မှာ ဆီဂတ်ဆန် ထိုးပေးလိုက်တဲ့ဘောလုံးကို ဘေးလ်က အာဆင်နယ်
နောက်ခံလူတွေကြားကပြေးထွက်ပြီး စပါးအတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ဒီကစားသမားဟာ အခုပွဲစဉ်မှာ ဘောလုံးထိချက်အနည်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ၇ကြိမ် ပဲ ဘောလုံးထိခဲ့တာပါ။ ဘေးလ်ဟာ 
၂၆မိနစ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ ငှက်ပျောသီးနဲ ပစ်ပေါက်ခြင်း
ခံခဲ့ရပြီး ကစားသမားဟောင်း အဒီဘာယောကိုလည်း ပရိသတ်တွေ က အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ အဖွင့်ဂိုးပေးလိုက်ရတဲ့ အာဆင်နယ် ကစားကွက် ပြန်မတည်နိုင်ခင်မှာပဲ စပါးတို့ ဒုတိယ ဂိုးထပ်ရခဲ့ပြီး ပါကားရဲ့  ပေးပို့မှုကို လန်နွန်က ဂိုးသမားကို လိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။

စပါးဟာ ပထမပိုင်းမှာ ၂ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အိမ်ကွင်း
ပရီးမီးယားလိဂ်ပွဲတွေမှာ ၃၂ပွဲနိုင်၊ ၁ပွဲသရေ ကစားနိုင်ခဲ့သလို 
ဒီပွဲမှာလည်း အနိုင်ရသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၆မိနစ်အကြာမှာ
ထောင့်ကန်ဘောကတစ်ဆင့်မာတီဆက်ကာက ခေါင်းတိုက်ပြီး ချေပဂိုး
တစ်ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အာဆင်နယ်ဟာ လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုးအတွက် ပိုဒေါစကီး၊ ရိုဆစ်စကီးတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် မွန်ရီရယ်၊ ရမ်ဆေး၊ ၀ဲလ်ကော့တို့ရဲ့  ကန်ချက်တွေ ဂိုးပေါက်နဲ့ လွဲချော်ခဲ့လို့ ရှုံးပွဲကြုံခဲ့ရပြီး စပါးနဲ့ ၇မှတ်အထိ
ပြတ်ခဲ့ရပါတယ်။

YoYarLayအိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ စပါးအတွက် ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ ၂၀၀မြောက်ဖြစ်ခဲ့ပြီးနောက်ဆုံး ၁၂ပွဲဆက် မရှုံးတဲ့ မှတ်တမ်းကိုလည်း ရေးထိုးသွားနိုင် ခဲ့ပါတယ်။ ဒီပွဲမှာ ၂သင်းစလုံး ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ်ကတော့ ပွဲအစမှာ စပါးကို စတင်တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။
ဂျန်ကင်ဆန်ရဲ့ထောင့်ဖြတ်ကန်ချက်ကို ဟူဂိုလိုရစ် ကာကွယ်နိုင်ခဲ့သလို ဗာတွန်ဂန်၊ ဒေါ်ဆန်တို့ ခံစစ်အတွဲ မာကျောခဲ့လို့ အာဆင်နယ်တို့

Friday, March 01, 2013

နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ

Photo: နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ
Friday, March 1, 2013

ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီ
ဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ
ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်
အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်
ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ
အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်
အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမား
အဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

ဓာတ်ပုံ - Nang Khin Zay Yar Facebook
Popular Myanmar News Journalဆုများရှင်နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန် အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီး သည်အထိသံတမန်အဖြစ်တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအေ နြ ဖင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိ သတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန် အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့

Photo: လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန်
အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့
Friday, March 1, 2013

လက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ်များ
အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်
တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်
ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။

ကျော်ကိုကို၏ ပြဿနာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ကစားသမား၏ အသင်းပုံရိပ်ကို ထိခိုက်စေသည့် စည်းကမ်းပိုင်း အားနည်းမှုများအတွက် အရေးယူမှုပြုလုပ်သွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့ရာ ပြောခဲ့သည့် အတိုင်း တရားဝင် အရေးယူမှု
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရေးယူမှုမှာ ရန်ကုန် ယူနိုက်တက်၏ သမိုင်းတစ်လျှောက် ပထမဆုံး အရေးယူမှုဖြစ်ခဲ့ရာ ထိုကဲ့သို့ အရေးယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်း
ပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို 
မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်"ဟု
ပြောကြားခဲ့ကြောင်း ygnutd.com တွင် ဖော်ပြထားသည်။

ကလပ်အသင်း၏ ပြစ်ဒဏ်ချမှတ်မှုကို ကာယကံရှင် ကစားသမား
ကလည်း ကျေနပ်လက်ခံကြောင်း ပြောကြားခဲ့ပြီး၊ နောက်တစ်ကြိမ် ထပ်မဖြစ်ရန် သတိထားသွားမည်ဟု ကတိပြုခဲ့သည်။ 

ထို့အပြင် ကျော်ကိုကိုသည် ၎င်း၏ အပြုအမူများအတွက်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာတို့အား ယမန်နေ့က လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။

Written by Admin Team
Soccer Myanmarလက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ် များ အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်ယူ နိုက်တက် အသင်း တိုက်စစ် မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။

Thursday, February 28, 2013

ယူနိုက်တက် အတွက် ပွဲ ၁၀၀၀ ပြည့် ၀င်ကစားမည့် ဂစ်

 မန်ယူအသင်း ကစားသမားကြီး ဂစ်သည် လာမည့် စနေနေ့ နောဝှစ်ခ်ျနှင့် ပွဲတွင် ၀င်ကစား ဖြစ်ပါက ပွဲ ၁၀၀၀ မြောက် ပါဝင် ကစားသည့် ပွဲအဖြစ် စံချိန်တင်မည် ဖြစ်သည်။ ၃၉ နှစ် ရှိပြီဖြစ်သော ဂစ်သည် ၁၇ နှစ်သား အရွယ်တွင်ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် မန်ယူ အိမ်ကွင်းတွင် အဲဗာတန်ကို ၀း၂ ဖြင့် ရှုံးခဲ့သည့် ၁၉၉၁ မတ်လ ၂ ရက်နေ့ ပွဲစဉ်ဖြင့် စတင်ခဲ့သူ ဖြစ်ပြီး ပွဲ ၁၀၀၀ မြောက်မှာလည်း မန်ယူ အိမ်ကွင်း တွင်ပင် ဖြစ်သည်။ ယင်း ၁၉၉၁ ပွဲစဉ်တွင် ပွဲကစားချိန် ၃၈ မိနစ်၌ ဒင်းနစ်အာဝင် ဒဏ်ရာ ရသွား ခဲ့သဖြင့် ဂစ်က လူစားဝင် ကစားသမား အဖြစ် ကစား ခဲ့ရခြင်း ဖြစ်သည်။ ဂစ်မှာ မန်ယူ အတွက် ၉၃၂ ပွဲနှင့် အတူ ဝေလအသင်း၊ ဂရိတ်ဗြိတိန် အိုလံပစ် အသင်းတို့ အတွက်ပါ ကစားခဲ့သည်မှာ ၉၉၉ ပွဲ ရှိခဲ့ပြီဖြစ်သည်။ ဂစ်၏ ရာပြည့် ပွဲများမှာ-

Monday, February 25, 2013

အင်္ဂလန် Capital One Cup ဆွမ်ဆီးစီးတီး ဆွတ်ခူးရရှိ

Photo: အင်္ဂလန် Capital One Cup ဆွမ်ဆီးစီးတီး ဆွတ်ခူးရရှိ
Monday, February 25, 2013 

၂၀၁၂-၂၀၁၃ အင်္ဂလန်ဘောလုံးရာသီ၏ Capital One Cup နောက်ဆုံး ဗိုလ်လုပွဲဖြစ် ဘရက်ဖို့ဒ်နှင့် ဆွမ်ဆီးစီးတီး အသင်းတို့ တနင်္ဂနွေညက ဝင်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွမ်ဆီးက ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး Capital One ဆုဖလားကို ရရှိသွားသည်။

အင်္ဂလန် Captial One Cup ဗိုလ်လုပွဲစဉ်ရလဒ် (ဖေဖေါ်ဝါရီ ၂၄)
ဘရက်ဖို့ဒ် ၀ - ၅ ဆွမ်ဆီး
16', 48' ဒိုင်ယာ၊ 40' မီချူး၊ 59' ဒီဂုဇ်မန်း [ပင်နယ်တီ], 90'+ ဒီဂုဇ်မန်း

Planet Myanmar Network

၂၀၁၂-၂၀၁၃ အင်္ဂလန်ဘောရာသီ၏ Capital One Cup နောက်ဆုံး ဗိုလ်လုပွဲဖြစ် ဘရက်ဖို့ဒ်နှင့် ဆွမ်ဆီး စီးတီး အသင်းတို့ တနင်္ဂနွေညက ဝင်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွမ်ဆီးက ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး Capital One ဆုဖလားကို ရရှိသွားသည်။

အင်္ဂလန် Captial One Cup ဗိုလ်လုပွဲစဉ်ရလဒ် (ဖေဖေါ်ဝါရီ ၂၄)
ဘရက်ဖို့ဒ် ၀ - ၅ ဆွမ်ဆီး
16', 48' ဒိုင်ယာ၊ 40' မီချူး၊ 59' ဒီဂုဇ်မန်း [ပင်နယ်တီ], 90'+ ဒီဂုဇ်မန်း

Planet Myanmar Network

My Blog List