အီရန် နိုင်ငံသည် နျူကလီးယားဗုံး ထုတ်လုပ်မှု များကို ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေး
ညှိနှိုင်းမှု များကို အချိန်ဆွဲ နေခြင်း ဖြစ်ကြောင်း၊ တစ်နည်း ဆိုရလျှင်
အီရန် နိုင်ငံသည် အင်အားကြီး ၆ နိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို
ဘန်းပြ၍ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မည့် အချိန်များကို ဝယ် ယူနေခြင်း
ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု က ပြောကြားခဲ့ ပါသည်။
မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် အစ္စရေး အစိုးရ အဖွဲ့၏ အပတ်စဉ် အစည်းအဝေး၏ အဖွင့် မိန့်ခွန်းတွင် အစ္စရေး ဝန်ကြီးချုပ်က အထက်ပါ အတိုင်း မှတ်ချက်ပြု ပြော ကြား ခဲ့ခြင်း ဖြစ်ပါသည်။ ယခုနောက်ဆုံး ကာဇက်စ တန် နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အီရန် နိုင်ငံနှင့် အင်အားကြီး ၆ နိုင်ငံ (တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီ) ဆွေးနွေးပွဲ ဆိုသည်မှာ အီရန် နိုင်ငံ၏ အချိန်ဆွဲခြင်း နည်းလမ်း တစ်ခုသာဖြစ်ကြောင်း နေတန်ယာဟု က ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။
http://bit.ly/XmuRXv
မြ၀တီ

No comments:
Post a Comment