Thursday, March 07, 2013

နိုင်ငံခြားကုမ္ပဏီများ မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် လုပ်ပိုင်ခွင့် အပြည့်အဝ ရတော့မည်

Photo: နိုင်ငံခြားကုမ္ပဏီများ မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် လုပ်ပိုင်ခွင့် အပြည့်အဝ ရတော့မည်
Wednesday, March 6, 2013

နိုင်ငံခြားကုမ္ပဏီများသည် မြန်မာ၏ ပင်လယ်ရေနက်ပိုင်း ကမ်းလွန်ရေနံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝလုပ်ပိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း မြန်မာစွမ်းအင် ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စွမ်းအင်ဝန်ကြီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦး အောင်ကျော်ထူးက နာမည်ကျော်ရေနံစွမ်းအင်ကုမ္ပဏီ
ကြီးများ ဖြစ်သည့် BP၊ Wood side ၊ Shell နှင့် Chevron
ကဲ့သို့သော ကုမ္ပဏီကြီးများ အပါအဝင် လုပ်ပိုင်ခွင့်လျှောက်
ထားသည့် အခြားရေနံကုမ္ပဏီများကို လာမည့်ဧပြီမှ စ၍
၂၅ ကွက်ကို ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ မြန်မာ၏ စုစုပေါင်း
နိုင်ငံခြားပို့ ကုန်မှ ၃၄ ရာခိုင်နှုန်းပမာဏရှိသော ရေနံနှင့်
သဘာဝ ဓါတ်ငွေ့လုပ်ငန်း သည် ယခုအခါ စစ်အစိုးရ
လက်အောက် ဆယ်စုနှစ်များစွာနေခဲ့ရပြီးနောက် နိုင်ငံ့
စီးပွားရေး တိုးတက်ရေးအတွက် အင်ဂျင်သစ်သဖွယ်
ဖြစ်လာနေကြောင်း ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ဦးအောင်ကျော်ထူးက နိုင်ငံပိုင်
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းသည် ပြည်ပ ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက စွမ်း အင်ထုတ်လုပ်ရေး
နည်းပညာနှင့် ကျွမ်းကျင်မှုပိုင်းတွင် အားနည်းသောကြောင့်
လုပ်ကွက်များ လုပ်ပိုင်ခွင့် လျှောက်ထားမှုတွင် ပြည်ပ
ကုမ္ပဏီများက ပိုရနိုင်ခြေရှိနေကြောင်း ပြောကြားသည်။

၎င်းက “ကမ်းလွန်ပင်လယ်လုပ်ကွက်တွေကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတွေ
ကလည်း ကမ္ဘာမှာ ၂၀ ကျော် မရှိပါဘူး။ ပြည်တွင်း
ကုမ္ပဏီတွေကလည်း ကမ်းလွန်လုပ်ကွက်တွေမှာ
ရင်းနှီးမြှပ်နှံဖို့ရော၊ နည်းပညာပိုင်း အဆင့်မြင့်တာတွေ
ရယ်ကြောင့် ဘဏ္ဍာရေး အရပါ လုပ်နိုင်စွမ်းမရှိပါဘူး”ဟု
ပြောကြားသည်။

သို့သော်၎င်းက ပြည်ပကုမ္ပဏီများသည် လုပ်ကွက်သုံးခု
စီသာ ကန့် သတ်အနေဖြင့် ရရှိမည်ဖြစ်ကြောင်းဆိုသည်။

ယခုအခါမြန်မာတွင် ပြည်ပရေနံနှင့် သဘာဝဓါတ်ငွေ့ 
ကုမ္ပဏီ တစ်ဒါဇင်ခန့် သည် လက်ရှိလုပ်ကိုင်နေသော
ကမ်းလွန် လုပ်ကွက် ၂၇ ခု၌ ပြည်တွင်းကုမ္ပဏီများနှင့် ပူးတွဲလုပ်ကိုင်နေသည်ဟု စွမ်းအင်ဝန်ကြီးဌာနက ဖေါ်ပြ
ထားသည်။

Ref: AFP
The Myanma Ageနိုင်ငံခြားကုမ္ပဏီများသည် မြန်မာ၏ ပင်လယ်ရေနက်ပိုင်း ကမ်းလွန်ရေ နံလုပ်ကွက်များတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝလုပ်ပိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း မြန်မာစွမ်းအင် ဝန်ကြီးဌာန က ပြောကြား လိုက်သည်။
စွမ်းအင်ဝန်ကြီးဌာန၏လက်ထောက်ညွှန်ကြားရေးမှူး ဦး အောင်ကျော် ထူးက နာမည်ကျော်ရေနံစွမ်းအင်ကုမ္ပဏီကြီးများ ဖြစ်သည့် BP၊ Wood side ၊ Shell နှင့် Chevronကဲ့သို့သော ကုမ္ပဏီကြီးများ အပါအဝင် လုပ်ပိုင်ခွင့်လျှောက်ထားသည့် အခြားရေနံကုမ္ပဏီများကို လာမည့်ဧပြီမှ စ၍၂၅ ကွက်ကို ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ မြန်မာ၏ စုစုပေါင်းနိုင်ငံခြားပို့ ကုန်မှ ၃၄ ရာခိုင်နှုန်းပမာဏ ရှိသော ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း သည် ယခုအခါ စစ်အစိုးရလက်အောက် ဆယ်စုနှစ်များစွာနေ ခဲ့ရပြီးနောက် နိုင်ငံ့စီးပွားရေး တိုးတက်ရေးအတွက် အင်ဂျင်သစ်သဖွယ်ဖြစ်လာနေကြောင်း ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ဦးအောင်ကျော်ထူးက နိုင်ငံပိုင်မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းသည် ပြည်ပ ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက စွမ်း အင်ထုတ်လုပ်ရေးနည်းပညာနှင့် ကျွမ်းကျင်မှုပိုင်းတွင် အားနည်းေ သာေ ကြာင့်လုပ်ကွက်များ လုပ်ပိုင်ခွင့် လျှောက်ထားမှုတွင် ပြည်ပကုမ္ပဏီများက ပိုရနိုင်ခြေ ရှိနေေ ကြာင်း ပြော ကြားသည်။

၎င်းက “ကမ်းလွန်ပင်လယ်လုပ်ကွက်တွေကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတွေက လည်း ကမ္ဘာမှာ ၂၀ ကျော် မရှိပါဘူး။ ပြည်တွင်းကုမ္ပဏီတွေကလည်း ကမ်းလွန်လုပ်ကွက်တွေမှာ
ရင်းနှီးမြှပ်နှံဖို့ရော၊ နည်းပညာပိုင်း အဆင့်မြင့်တာတွေရယ်ကြောင့် ဘဏ္ဍာရေး အရပါ လုပ်နိုင်စွမ်းမရှိပါ ဘူး”ဟုပြောကြားသည်။

သို့သော်၎င်းက ပြည်ပကုမ္ပဏီများသည် လုပ်ကွက်သုံးခုစီသာ ကန့် သတ်အနေဖြင့် ရရှိမည်ဖြစ်ကြောင်းဆို သည်။ ယခုအခါမြန်မာတွင် ပြည်ပရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ တစ်ဒါဇင်ခန့် သည် လက်ရှိလုပ် ကိုင်နေသောကမ်းလွန် လုပ်ကွက် ၂၇ ခု၌ ပြည်တွင်းကုမ္ပဏီများနှင့် ပူးတွဲလုပ်ကိုင်နေသည်ဟု စွမ်းအင် ဝန်ကြီးဌာနက ဖေါ်ပြ
ထားသည်။

Ref: AFP
The Myanma Age

No comments:

Post a Comment

My Blog List