မြန်မာနိုင်ငံ၏တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတမှ
ခန့်အပ် ထားသူဖြစ်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း
ပါဝင်နေခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်းနောက်ခံ အခြေအနေ များ အရ လတ်တလော အခြေအနေတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်
ပေးနိုင်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြား သည်။ယခုလ ၁ ရက်တွင် ဖင်လန်နိုင်ငံ သမ္မတ အိမ်တော် ၌ ပြု လုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော် သမ္မတ က ပြော ကြာြး ခင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် အရှိန်ရလာပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များသည်နောက်ပြန်လှည့်၍ မရကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပြောသည်။
မိမိတို့နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများ လည်း ရှိနေပြီး အခက်အခဲများကိုနိုင်ငံတကာအသိုင်းအ၀ိုင်း၏ နားလည်စာနာမှု ပူးပေါင်းကူညီမှုများဖြင့်
အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဦးသိန်းစိန်ကပြောသည်။
ဓာတ်ပုံ - mmtimes.com
7Day News Journal

No comments:
Post a Comment