ထားဝယ်-မတ်၎
ထားဝယ်မြို့၊ရှမ္မလည်ဆွဲရပ်၊အာဇာနည်လမ်းရှိ ပညာရေးကော လိပ်ရှေ့ တွင်ယနေ့နံနက်(၈း၃၀)နာရီအချိန်ခန့်ကယာဉ်မောင်းဦး---- မောင်းနှင် လာသော super custom အမျိုး အစား မော်တော် ယာဉ်သည် ဆိုင်ကယ်နှစ်စီးအား ဆက်တိုက်တိုက်မိပြီးမိုးလုံလေလုံ အားကစား ရုံရှေ့ ရေမြောင်းအတွင်းသို့ထိုးကျမှုတစ်ခုဖြစ်ပွားခဲ့သည်။
ထိုအခင်းဖြစ်စဉ်တွင်မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ် စီးလာသူ ကရပ်ပြင်ရပ်၊အာဇာနည်လမ်းနေ ဦးအောင်ဆန်း မှာ နေရာ တွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊စတင်တိုက်မိသည့် ဆိုင်ကယ်စီးနင်းသူကိုမူ ထားဝယ်ပြည်သူ့ဆေး ရုံကြီး တွင် အတွင်းလူနာအဖြစ်ကုသထားရကြောင်းသိရသည်။
ယာဉ်မောင်း ဦး---အား ထားဝယ်ရဲစခန်းမှအမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ)
Popular Myanmar News Journal

No comments:
Post a Comment