Wednesday, October 2, 2013
ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့်
စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့
အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက
စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ
ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့
အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ
အသုံးပြုလို့ ရမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင်
အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင်
ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း
သိရသည်။
“CCTV ကင်မရာ နှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက်
တပ်ဆင်ထားပါတယ်။ ပြည်လမ်းဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို
မျက်နှာမူပြီး ထားတာက တစ်ခုပါ။ အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့
ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ”ဟု ယင်းတာဝန်ရှိသူက
ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်အပန်းဖြေသူ မဆွေဇင်က “ကန်ဘောင်မှာ
အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။
အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း
သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်”ဟု ဆိုသည်။
Myanmar ICT
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment