Wednesday, October 2, 2013
နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀
ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာကို တိတိကျကျ
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁
ရက်တွင် ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည်။
ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်း
မနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက
အဓိပ္ပာယ်ဖွင့်ဆိုပြသည်။တပ်မတော်သည် အမျိုးသားကာ ကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်
ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။
တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာ ဗျူဟာကို ဖော်ဆောင်ရမည်ဟု
အခြေခံဥပဒေ ပုဒ်မ ၃၄၀ တွင် ဖော်ပြထားသည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ
ဦးတင်မောင်ဦးက နိုင်ငံအတွင်း မိမိတို့၏ ဆန္ဒအလျောက်
စစ်မှုထမ်းလိုသည့်သူများ နည်းပါးလာပါက တပ်မတော်အင်အားတောင့်တင်းစေရန်
မည်ကဲ့သို့ဆောင်ရွက်ရန် ရှိပါသနည်းဟူသည့် မေးခွန်းကို
ဗိုလ်ချုပ်ကျော်ညွန့်က ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
““စွန့်လွှတ်စွန့်စားသူတွေ နည်းပါးလာရင်၊ မျိုးချစ်စိတ်နည်းပါးလာသူတွေ
များလာရင် တပ်မတော်ဟာ အင်အားနည်းပါးလာနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုကို
ထိပါးမှုများလာရင် ဒီမိုကရေစီနိုင်ငံတော် ထူထောင်မှုကို
ထိခိုက်လာနိုင်တဲ့အပြင် ပိုဆိုးလာရင် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုပါ
ထိပါးလာနိုင်တာ တွေ့ရပါတယ်”” ဟု ဦးတင်မောင်ဦးက ဆိုသည်။
နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါက တပ်မတော်မှသာ အစဉ်အမြဲ
အကူအညီပေးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို
တပ်မတော်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီမှ
ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် လက်ရှိ
မြန်မာ့တပ်မတော်တွင် တပ်သားဦးရေ လေးသိန်းနှင့် ငါးသိန်းကြားရှိနိုင်ပြီး
ကမ္ဘာပေါ်တွင် စစ်သည်အင်အားအများဆုံးစာရင်းတွင် အဆင့် ၉ (သို့မဟုတ်) ၁၀
ဝန်းကျင် ရှိနိုင်ကြောင်း စစ်ဘက်ရေးရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
လတ်တလောအခြေအနေအရ စစ်မှုမထမ်းမနေရစနစ်ကဲ့သို့ ပြည်သူအား လုံးပါဝင်သည့်
တပ်မတော်စနစ်ကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊
ယုံကြည်ချက်၊ ၀ါသနာအလျောက် စစ်မှုထမ်းဆောင်ခြင်းကိုသာ
ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။တပ်မတော်သို့ ၀င်ရောက်ကာ
တာဝန်ထမ်းဆောင်လို ပါက အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက် မကြီးသူ၊
မျက်မြင် ၁၃ ချက် နှင့် ပြည့်စုံပြီး ဆေးအဆင့် က အဆင့်ရှိကာ
ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့
ဝင်ရောက်စစ်မှုထမ်း တာဝန်ထမ်းဆောင်စေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားခြင်းရှိသော်လည်း ယခုအချိန်အထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးပေ။
http://www.7daydaily.com/
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment