Wednesday, October 2, 2013
ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်းနဲ့မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြောလိုက် ပါတယ်။ ဒီနေ့ မနက်က သမ္မတဦးသိန်းစိန် ရဲ့ ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့
သဘောတူပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကို
လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း
မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့
စက်တင်ဘာလ၂၁ရက် နိုင်ငံတကာငြိမ်းချမ်းရေးနေ့က မြို့ကြီးတွေမှာ
ငြိမ်းချမ်းရေးပွဲတွေ ကျင်းပခဲ့တာကို အားရကျေနပ်မိကြောင်းလည်း
ဦးသိန်းစိန်ကပြောပါတယ်။
"ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့
ထူးခြားချက်တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊
မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ
ငြိမ်းချမ်းရေးပွဲတော်တွေ ကို ပြည်သူလူထုရဲ့ ဆန္ဒအမှန်တွေကိုထင်ဟပ်ပြီး
ရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ပြင်းပြတဲ့ဆန္ဒ ကနေ ပေါက်ဖွားလာတဲ့
တက်ကြွလှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို ကျနော့်အနေနဲ့
အားရကျေနပ်မိပါတယ်၊ ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ
အောင်မြင်မှုရရှိရန်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်"
ဒါ့အပြင် သမိုင်းဝင်မယ့် နိုင်ငံတည်ဆောက်ရေးတွေလုပ်နေချိန်မှာ
သတင်းမီဒီယာတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကိုခုတုံးလုပ်ပြီး
ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီညွှတ်တာတွေ
မလုပ်ကြဖို့လည်း အဲဒီမိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment